“အဓိက ပြည်နယ်အစိုးရကို ကျနော်ပြောချင်တာက ဒေါ်အောင်ဆန်းစုကြည်ဟာ အဖိနှိပ်ခံ ပြည်သူ့ ခေါင်းဆောင်ဖြစ်တယ်၊ ၈၈ ကနေ သမိုင်းတောက်လျှောက် အဖိနှိပ်ခံပြည်သူအတွက် သူရပ်တည်လာတယ်၊ အခု NLD အစိုးရတက်လာမှ လူထုခေါင်းဆောင်ဓါတ်ပုံကို အဖိနှပ်ခံပြည်သူတွေကကိုင်လို့  တရားစွဲတယ်ဆိုတာ NLD အစိုးရဖြစ်တဲ့ခေတ်မှာ အင်မတန်ရယ်စရာကောင်းတယ်လို့ မှတ်ချက်ပေးလိုပါတယ်။ “ ကရင်နီပြည် (ကယား) လွိုင်ကော်မြို့ ရှိ နမ့်ဘော်ဝမ်ရှမ်း (က) ရပ်ကွက်ရှိနေအိမ် (၁၅၀) ကျော်ကို သာသနာမြေအတွင်း ကျူးကျော်နေသူများအဖြစ် ပြည်နယ်အစိုးရမှ ဖယ်ရှားခိုင်းမှုအပေါ် ၄င်းနေရာတွင်နေထိုင်သည့်လူထုများက စက်တင်ဘာလ ၂၃ ရက်နေ့ တွင် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ လက်ရှိတွင် ဆန္ဒပြပွဲဦးဆောင်သူ (၄) ဦးကို သက်ဆိုင်ရာက တရားစွဲဆိုထားကြောင်းသိရသည်။ တရားစွဲဆိုခံရသည့် […]

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကိုရှေ့ ဆက်နိုင်ဖို့  ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နှင့် ကယားပြည်နယ်အစိုးရတို့ တွေ့ ဆုံဖို့ ညှိနှိုင်းမှုတွေပြုလုပ်နေကြောင်း KNPP ဗဟိုကော်မတီဝင် ခူးဒယ်နီယာယ်က KnIC သို့ ပြောသည်။ တွေ့ ဆုံပွဲဟာ ပြည်နယ်စိုးရတစ်ခုလုံးနှင့်တွေ့ ဆုံမှာဖြစ်ပြီး ဝန်ကြီးချုပ်အပါအဝင် လုံနယ်ဝန်ကြီးပါဝင်မည်ဟု ခူးဒယ်နီယာယ်မှပြောသည်။ “ ပြည်နယ်အစိုးရတစ်ခုလုံးနဲ့ တွေ့ ဖို့ ကျနော်တို့ ပြောထားပါတယ်။ ဘယ်အချိန်ဖြစ်မလဲဆိုတာတော့မသိရသေးဘူးဟု” ဆိုသည်။ NRPC နှင့်တွေ့ ဆုံဖို့ အတွက် KNPP ဘက်မှ ပြီးခဲ့သည်စက်တင်ဘာလထဲက ပြောဆိုထားသော်လည်း NRPC ဘက်မှ အကြောင်းပြန်တာမျိုး မရှိသေးဟု ခူးဒယ်နီယာယ် ကဆက်ပြောသည်။ “NRPC နဲ့ တွေ့ ဖို့ က […]

ပြောင်းဖူးလှုပ်ရှားမှု သပိတ် နှင့်ပက်သက်ပြီ ဦးဆောင်သူတွေ ဖြစ်ကြတဲ့ ခူးကြူးဖဲကေး | ခူးကလောရယ် | ဦးအောင်နိုင်ဝင်း | ဦးကျော်မင်းဦး တို့ လေးယောက်ကို ငြိမ်းစုစီပုဒ်မ – ၂၀ နဲ့ တရားဆွဲဆိုထားပါတယ်။ ၂၈ ရက်နေ့ ကျရင် လွိုင်ကော်ရဲ စခန်းမှာ ခေါ်ယူတွေ့ဆုံဖို့ ဒုရဲအုပ် – နယ်ထိန်း ငြိမ်းဇော်မင်းက ဖုန်းဆက်အကြောင်းကြားလာပါတယ် – အဖိနှိပ်ခံပြည်သူများ မြေယာရရှိရေး ပြောင်းဖူး လှုပ်ရှားမှုသပိတ် ( ကယားပြည်နယ် )ဆိုင်းဘုဒ်ကြီး ကိုင်ဆောင်းမှု နှင့် ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံကိုင်ဆောင်မှု နဲ့ ပက်သက်ပြီ ငြိမ်းစုစီ ပုဒ်မ -၂၀ နဲ့ တရားဆွဲဆိုထားပါတယ် ။

မြကလပ်တောင်ခြေရှိမြေများကို သာသနာပိုင်မြေဟုဆိုကာ အစိုးရမှ လက်ရှိနေထိုင်သူများကို ဖယ်ရှားဖို့အမိန့်ထုတ်ပြန်ထားသည်ကို မကျေနပ်တာကြောင့် ယင်းနေရာတွင်နေထိုင်သူများမှ ယနေ့ ဆန္ဒပြနေကြသည်။ ယင်းမြေကို ယခင်အစိုးရလက်ထက်က ရောင်းချတာဖြစ်ပြီး သာသနာပိုင်မြေ ဟုဆိုကာ လက်ရှိအစိုးရမှ ယခုမိုးရာသီကုန်တွင်ပြောင်းရွေ့ပေးဖို့. ပြောဆိုထားကြောင်းသိရသည်။ မြေပိုင်ဆိုင်မှုနှင့်ပတ်သက်ပြီး ရှုပ်ထွေးမှုများရှိနေပြီး ပြည်နယ်အစိုးရမှ ပြသနာအကြောင်းရင်းကို အများသိအောင် ရှင်းလင်းချပြမှုများမရှိသေးကြောင်းသိရသည်။ Photos – Naw Naw

စက်တင်ဘာလ ၂၁ရက်နဲ့ ၂၂ရက်နေ့နှစ်ရက်ဆက်တိုက် ကရင်နီအမျိုးသား ကောလိပ်ကျောင်းနဲ့ အထက်တန်းကျောင်းတို့မှာ ရိုးရာအစဉ်အလာ ဒီးကူပွဲတော်အခန်းအနားတွေကျင်းပ ပြုလုပ်ခဲ့ကြပါတယ်။ အဆိုပါအခမ်းအနားကို ကရင်နီစာပေနှင့်ယဉ်ကျေးမှုဌာန ၀န်ကြီး ခူးဘိုးရယ်မှ ဒီးကူပွဲဖြစ်ပေါ်လာရတဲ့အကြောင်းအရင်းနဲ့ပါတသက်ပြီး တက်ရောက်ဟောပြောခဲ့ပါတယ်။ “ ဒီးကူဆိုတာက ဟို့ရှေးခေတ်က ကျနော်တို့မှာ အိုးခွက်ပန်းကန်ဆိုတာ မရှိခဲ့ဘူးလို့ အဲ့လိုရေးထားပါတယ်။ မရှိဖူးတော့ ခုနပြောတဲ့ သစ်ရွက်နဲ့ပဲဆန်ကိုထုပ်ပြီးတော့မှချက်စားတဲ့အလေ့ အထရှိတာပေါ့လေ။ အဲ့ဒါလုပ်ရင်းနဲ့(ယွန်း)ကိုတိုက်တဲ့ အချိန်မှာ (ယွန်း)တွေဆောင်ထားတဲ့ (ခေါက်ပုတ်)ကိုသွားတွေ့တော့ ငါတို့လဲဒီလိုအလားတူပြောင်းပြီးမှ လုပ်မယ်ဆိုပြီးတော့မှ ဆန်ကိုရိုးရိုးဆန်မဟုတ်တော့ပဲနဲ့ ကောက်ညှင်းထုပ်ပြီးတော့ ကျနော်တို့ ဒီးကူသဏ္ဍာန်လုပ်ပြီးထုပ်ပြီးပြန်ချက် တစ်ပတ် နှစ်ပတ်အထိခံတယ် မတိုးဘူးပြန်စားလို့ရတယ် ခြောက်သွားရင်လည်း မီးပြန်ကင်ပြီးပြန်စားလို့ရတယ် အဲ့ဒီအသိ တွေဝင်လာတော့ ကျနော်တို့ ဒီးကူဆိုတဲ့ဟာက ခုနကပြောတဲ့ယွန်းကိုတိုက်ထုတ်တဲ့ အချိန်မှာတကယ်ကိုအသုံးပြုတဲ့ ရိက္ခာတစ်ခုအနေနဲ့ ဒီးကူပွဲဆိုတာတင်စားပြီးတော့မှလုပ်ရတဲ့ ပွဲတစ်ပွဲလို့ပဲ […]

Breaking News