KNPP တပ်အခြေစိုက်ရာနေရာတွင်း ခလရ ၅၄ရောက်ရှိ

Spread the love

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP တပ်များအခြေစိုက်လုပ်ရှားရာ နယ်မြေတွင်းသို့ အစိုးရတပ် ခလရ ၅၄ တပ်မှဝင်ရောက်လာပြီး ယာယီတပ်စခန်းချထားနိုင်ဖွယ်ရှိသည်ဟု ယနေ့မနက် ကရင်နီတပ်မတော်ထံမှ သိရသည်။

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့တောင်ဘက်ခြမ်းသည် KNPP တပ်မတော်စစ်ဦးစီးတပ်နှင့် တပ်ရင်း(၂)တို့ အခြေစိုက်လုပ်ရှားရာဒေသဖြစ်ပြီး အဆိုပါဒေသတွင်းသို့ ခလရ ၅၄မှ ဒီဇင်ဘာ(၂၃)ရက်နေ့ကတည်းက ၀င်ရောက်လာခြင်းဖြစ်သည်ဟု ဆိုသည်။ ယာယီတပ်စခန်းချနိုင်ဖွယ်ရှိသည့်နေရာသည် ဒေါဖူးရွာနှင့်နီးသည်။

Photo – KnIC

admin

Leave a Reply

Your email address will not be published. Required fields are marked *

Next Post

ဒီး​မော့ဆို မြို့နယ်​တစ်​ခုထဲတွင်​ ကရင်​နီလူငယ်​များ စု​ပေါင်း တရားရင်​ဆိုင်​ရ​တော့မည်

Fri Dec 28 , 2018
Spread the loveဗိုလ်​ချုပ်​​ကြေးရုပ်​ကို ကရင်​နီပြည်​တွင်​ မထားရှိ​ရေး ကန့်​ ကွက်​လှုပ်​ရှားမှု​ကြောင့်​ ပုဒ်​မ ၅၀၅ (ခ)ဖြင့်​ မြို့နယ်​ ၅ မြို့နယ်​တွင်​ တရားရင်​ဆိုင်​​နေရသည့်​ ကရင်​နီလူငယ်​ ( ၉) ဦး ဒီး​မော့ဆိုမြို့နယ်​တွင်​သာ စု​ပေါင်းတရားရင်​ဆိုင်​ရ​တော့မည်​ဖြစ်​သည်​။ ​အဆိုပါကဲ့သို့ မြို့နယ်​ (၁) မြို့နယ်​ထဲတွင်​သာ စု​ပေါင်းတရားရင်​ဆိုင်​​ရေးအတွက်​ ကရင်​နီလူငယ်​များမှ ပြည်​နယ်​တရားလွှတ်​​တော်​ရုံးသို့ စာတင်​ခဲ့သည့်​အတွက်​ ၄င်းပြည်​နယ်​တရားလွှတ်​​တော်​တရားသူကြီးမှ ဒီး​မော့ဆိုမြို့နယ်​တွင်​သာ တရားရင်​ဆိုင်​ရန်​ ယ​နေ့ ရုံးချိန်းတွင်​ အမိန့်​ချခဲ့သည်​။ ယခင်​က လွိုင်​​ကော်​၊ ဒီး​မော့ဆို၊ ​ဘောလခဲ၊ ဖရူဆိုနှင့်​ ဖား​ဆောင်းမြို့နယ်​ တရားရုံးများတွင်​ လှည့်​လည်​ တရားရင်​ဆိုင်​ခဲ့ရသည်​။ Credit – KNGY

Breaking News