တရားစွဲခံရသူလေးဦးထဲမှ တစ်ဦးဖြစ်သူ ခူးကြူးဖဲကေး (ခ) ဂူဂူး နှင့်တွေ့ဆုံခြင်း

Spread the love
Photo – စက်တင်ဘာလ ၂၃ ရက်နေ့ က ပထမအကြိမ်ပြောင်းဖူးသပိတ်ဆင်နွဲခဲ့စဉ်က

“အဓိက ပြည်နယ်အစိုးရကို ကျနော်ပြောချင်တာက ဒေါ်အောင်ဆန်းစုကြည်ဟာ အဖိနှိပ်ခံ ပြည်သူ့ ခေါင်းဆောင်ဖြစ်တယ်၊ ၈၈ ကနေ သမိုင်းတောက်လျှောက် အဖိနှိပ်ခံပြည်သူအတွက် သူရပ်တည်လာတယ်၊ အခု NLD အစိုးရတက်လာမှ လူထုခေါင်းဆောင်ဓါတ်ပုံကို အဖိနှပ်ခံပြည်သူတွေကကိုင်လို့  တရားစွဲတယ်ဆိုတာ NLD အစိုးရဖြစ်တဲ့ခေတ်မှာ အင်မတန်ရယ်စရာကောင်းတယ်လို့ မှတ်ချက်ပေးလိုပါတယ်။ “

ကရင်နီပြည် (ကယား) လွိုင်ကော်မြို့ ရှိ နမ့်ဘော်ဝမ်ရှမ်း (က) ရပ်ကွက်ရှိနေအိမ် (၁၅၀) ကျော်ကို သာသနာမြေအတွင်း ကျူးကျော်နေသူများအဖြစ် ပြည်နယ်အစိုးရမှ ဖယ်ရှားခိုင်းမှုအပေါ် ၄င်းနေရာတွင်နေထိုင်သည့်လူထုများက စက်တင်ဘာလ ၂၃ ရက်နေ့ တွင် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ လက်ရှိတွင် ဆန္ဒပြပွဲဦးဆောင်သူ (၄) ဦးကို သက်ဆိုင်ရာက တရားစွဲဆိုထားကြောင်းသိရသည်။ တရားစွဲဆိုခံရသည့် ဦးဆောင်သူလေးဦး ထဲမှ ခူးကြူးဖဲကေး (ခေါ်) ဂူဂူး ကို KnIC မှဆက်သွယ်မေးမြန်းထားသည်။

KnIC – သာသနာမြေမှာကျူးကျော်နေထိုင်တယ်ဆိုပြီး အစိုးရက ဖယ်ခိုင်းတာကို မကျေနပ်လို့ စက်တင်ဘာ ၂၃ ရက်နေ့ က ဆန္ဒထုတ်ဖော်ခဲ့တာကိုတွေ့ ရတယ်။ အဲ့ဒီဆန္ဒထုတ်ဖော်ပွဲအတွက် ခွင့်ပြုမိန့် တောင်းခဲ့သေးလားဗျ။
ခူးကြူးဖဲကေး – ဟုတ်ကဲ့ – တောင်းပါတယ် မြို့ နယ်ရဲ စခန်းမှူးပေါ့၊ ပြီးတော့နောက်တစ်ဆင့်အနေနဲ့ မြို့ နယ်စီမံခန့် ခွဲရေးကော်မတီကိုသွားတွေ့ တယ်။ တွေ့ တဲ့အချိန်မှာ သူတို့ ကဖြုတ်ခိုင်းလို့ ဆန္ဒထုတ်ဖော်မဲ့ အချက်တွေထဲက တာဝန်ခံမှုမရှိတဲ့အစိုးရဆိုတဲ့ဆိုင်းဘုတ်ကိုဖြုတ်ပေးတယ်၊ ကြွေးကြော်သံမှာဆိုရင် ပြည်သူရွေးကောက်ခံမဟုတ်တဲ့ ဦးမော်မော်ကို အလိုမရှိဆိုတဲ့ဟာကိုဖြုတ်ပေးတယ်။

KnIC – အဲ့လိုဖြုတ်ခိုင်းတဲ့အပေါ်ဘာများပြောချင်လဲဗျ။
ခူးကြူးဖဲကေး – အမှန်ဆိုရင်ဥပဒေအရတော့ ကျနော်တို့ က အကြောင်းကြားတာဘဲဖြစ်ရမယ်လေ၊ သူတို့ ဖြုတ်ခိုင်းချင်တိုင်း ဖြုတ်ခိုင်းလို့ မရဘူးလေ၊ ဒါပေမဲ့ ကျနော်တို့ ကတော့ ဖြုတ်ပေးခဲ့ပါတယ်။

KnIC – ခွင့်ပြုချက်တောင်းပြီးဆန္ဒပြတာကို ဘယ်လို အကြောင်းနဲ့  အာဏာပိုင်တွေဘက်က တရားစွဲတာလဲ ။
ခူးကြူးဖဲကေး – ဆန္ဒပြတဲ့နေ့ မှာ ဖြောင်းဖူးကိုင်ပြီး ဆန္ဒပြတာ၊ နောက်ဒေါ်အောင်ဆန်းစုကြည် ပုံကိုင်တာဟာ ခုတုံးလုပ်ပြီး ဆန္ဒပြသလိုဖြစ်တယ်၊ နောက်ပြီး အဖိနှိပ်ခံပြည်သူများမြေယာပိုင်ဆိုင်မှုရရှိရေး ပြောင်းဖူးသပိတ်လှုပ်ရှားမှု (ကယားပြည်နယ်) အဲ့ဆိုင်းပုဒ်ကိုင်တယ်ဆိုပြီး အဲ့သုံးခုနဲ့ ဆွဲတာပေါ့။

KnIC – ပုဒ်မတွေက ဘာလဲဗျ။
ခူကြူးဖဲကေး – အဓိကတော့ ငြိမ်းစုစည်ပုဒ်မ (၂၀) ပြီးတော့ ၊ ပုဒ်မ ၁၀ (စ) ပေါ့ ၊ တင်ပြထားခြင်းမရှိတဲ့ ပိုစတာတွေ၊ ဆိုင်းပုဒ်တွေကိုင်လို့ ငြိစွန်းတယ်ပေါ့၊ အဲ့တာတွေနဲ့ စွဲပါတယ်။ အဓိကတော့ ဒေါ်အောင်ဆန်းစုကြည်ပုံကိုင်ပြီး ဆန္ဒပြလို့ တရားစွဲသလိုမျိုးဖြစ်နေတယ်။

KnIC – ဆိုတော့ – ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ပြည်သူတွေက သူ့ ကိုချစ်လို့ သူ့ မျက်နှာနဲ့ မဲပေးခဲ့လို့  NLD ကမဲရခဲ့တာအားလုံးအသိပါ။ မြန်မာပြည်သူတွေကလဲ သူ့ ကိုလူထုခေါင်းဆောင်ဆိုပြီးသတ်မှတ်ထားတာလေ။ အခု ပြည်သူတွေကသူတို့ ရဲ့ အခက်အခဲကို အများသိအောင်ဆန္ဒဖော်ထုတ်တာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပုံကိုင်ပြီး ဆန္ဒဖော်ထုတ်လို့ တရားစွဲခံရတဲ့အပေါ် ဘာပြောချင်လဲ။
ခူးကြူးဖဲကေး – အဓိက ပြည်နယ်အစိုးရကို ကျနော်ပြောချင်တာက ဒေါ်အောင်ဆန်းစုကြည်ဟာ အဖိနှိပ်ခံ ပြည်သူ့ ခေါင်းဆောင်ဖြစ်တယ်၊ ၈၈ ကနေ သမိုင်းတောက်လျှောက် အဖိနှိပ်ခံပြည်သူအတွက် သူရပ်တည်လာတယ်၊ အခု NLD အစိုးရတက်လာမှ လူထုခေါင်းဆောင်ဓါတ်ပုံကို အဖိနှပ်ခံပြည်သူတွေကကိုင်လို့  တရားစွဲတယ်ဆိုတာ NLD အစိုးရဖြစ်တဲ့ခေတ်မှာ အင်မတန်ရယ်စရာကောင်းတယ်လို့ မှတ်ချက်ပေးလိုပါတယ်။

KnIC – ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြည်နယ်အစိုးရက လာရောက်ဖြေရှင်းပေးတာမျိုးရှိပြီလားဗျ။
ခူးကြူးဖဲကေး – အစိုးရကအခုထိခေါင်းရှောင်နေတုန်းဘဲ ၊ ဆန္ဒပြပွဲမတိုင်ခင် ကျနော်တို့ စက်တင်ဘာလ ၆ ရက်နေ့ က ဒီကိစ္စကို ဦးဆောင်လုပ်နေတဲ့ စီမံဘဏ္ဍဝန်ကြီးဦးမော်မော်နဲ့ သွားတွေ့ တော့ ဦးမော်မော်က အကုန်လုံးဖယ်ခိုင်းရမယ်၊ မိုးတွင်းတောင်သနားလို့ ပေးနေတာပြောတယ်၊ အပိုင်းလိုက်သိမ်းမယ်ပေါ့၊ ပြီးရင်သာသနာမြေဧရိယာဆိုင်းဘုတ်တပ်မယ်လို့ ပြောတယ်၊ ဦးမော်မော်က ပြည်သူတွေရွေးကောက်ထားတဲ့လူမဟုတ်တော့ သူ အဲ့လိုပြောတာကို ပြည်သူတွေ အတော်ဒေါသထွက်ကြတယ်၊ နောက် ကျနော်တို့ လှုပ်ရှားမှုလုပ်တော့ ပြန်ပေးနေမယ်ဆိုတဲ့သဘောမျိုးပြောတယ်။ အာမခံချက်ရှိလားလို့ မေးတော့ ဘာအာမခံချက်မှ မရှိဘူး၊ အခုထိအစိုးရဘက်က ခေါင်းရှောင်နေတုန်းဘဲ၊ ဆိုတော့ အစိုးရကလူထုနဲ့ လာထိတွေ့ ဖို့ လိုတယ်၊ တာဝန်ယူမှုတာဝန်ခံမှုရှိဖို့ လိုတယ်။

KnIC – ဒီကိစ္စနဲ့ ပတ်သက်ပြီးရှေ့ ဆက်ဘာတွေဆက်လုပ်သွားဖို့ ရှိလဲ။
ခူးကြူးဖဲကေး – အစိုးရဘက်က တာဝန်ယူမှုတာဝန်ခံမှု မပေးသရွေ့ ကျနော်တို့ က လှုပ်ရှားမှုတွေလုပ်သွားမယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတအထိ ဒီကိစ္စကိုဖြေရှင်းဖို့ တောင်းဆိုသွားပါမယ်။

KnIC – အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးပါ။
ခူးကြူးဖဲကေး – ကျေးဇူးပါ။

admin

Leave a Reply

Your email address will not be published. Required fields are marked *

Next Post

ဖရူဆိုတွင် စစ်ရေးလေ့ကျင့် ချီတက်မည့်အပေါ် ဒေသခံများစိုးရိမ်

Fri Oct 12 , 2018
Spread the loveကရင်နီပြည် (ကယား) ဖရူဆိုမြို့ နယ်တွင် အမှတ် (၁၄) တပ်မတော် တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်းမှ (၁၀) မိုင်မနားတမ်းလမ်းလျှောက်ချီတက်လေ့ကျင့်မည့်အပေါ် ဒေသခံများအကြားစိုးရိမ်မှုများဖြစ်ပေါ်နေကြောင်းသိရသည်။ ချီတက်မည့်လမ်းကြောင်းသည် ကျေးရွာများကို ဖြတ်သန်းသွားမည်ဖြစ်သောကြောင့် ကျေးရွာလူထုအကြား တိုက်ပွဲပြန်ဖြစ်လာမှာကို စိုးရိမ်မှုများရှိသလို ချီတက်မည့်လမ်းကြောင်းရှိ တောင်ယာနှင့် စိုက်ခင်းများရှိသီးနှံများ ပျက်စီးပျောက်ပျက်မှာစိုးရိမ်ကြောင်းလောဂျာရွာ ဒေသခံတစ်ဦးက KnIC သို့ ပြောသည်။ “ အခုလိုသူတို့ ကလေ့ကျင့်မယ်ဆိုတော့ ရွာသားတွေကစိုးရိမ်တယ်လေ၊ တိုက်ပွဲတွေများ ပြန်ဖြစ်မလားပေါ့၊ ပြီးတော့ သူတို့ က ရွာတွေတောင်ယာစိုက်ခင်းတွေဖြတ်မယ်ဆိုတော့ အဲ့မှာ စိုက်ထားတဲ့သီးနှံတွေ ဟို … ဖရုံသီး၊ သခွားသီးတို့ ဘာတို့ ပေါ့ အဲ့တာ သူတို့ ခူးသွားမှာ၊ ခူးစားမှာလဲစိုးရိမ်ရတယ် “ […]

You May Like

Breaking News