စစ်ယာဉ်တန်းများမှာ သင်တန်းတက်ဖို့ ဖြစ်သည်ဟုဆို

Spread the love

ကရင်နီပြည် (ကယား) ဖရူဆိုမြို့ နယ်တွင် မနေ့ က တပ်မတော်သားများတင်ဆောင်လာသော ကားအစီးရေ ၅၀ အထက်ရှိသည့် စစ်ယာဉ်တန်းမှာ ဖရူဆိုမြို့ နယ်ရှိ တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်းတွင် သင်တန်းတက် ရောက်မည့် တပ်မတော်သင်တန်းသားများဖြစ်ကြောင်း ဒု – ဒေသကွပ်ကဲရေးစစ်ဌာနချုပ်မှူးမှ ပြောကြောင်း KNPP ဗဟိုကော်မတီဝင် ခူးဒယ်နီယာယ် မှ KnIC သို့ ပြောသည်။

စစ်ယာဉ်တန်းကိစ္စနှင့် ပတ်သက်ပြီး ဒေသကွပ်ကဲရေးစစ်ဌာနချုပ် (လွိုင်ကော်) ကိုမေးမြန်းရာတွင် ဒု- ဒေသကွပ်ကဲရေးစစ်ဌာနချုပ်မှူးမှ စစ်ယာဉ်တန်းမှ တပ်မတော်သားများမှာ ဖရူဆိုမြို့ နယ် အမှတ် (၁၄) တန်းမြှင့်စစ်လေ့ကျင့်ရေးကျောင်းတွင် သွားရောက်သင်တန်းတက်မည့်သူများဖြစ်ကြောင်း ပြောသည်ဟု ခူးဒယ်နီယာယ်မှဆိုသည်။

“ ကျနော်တို့ ဒီကိစ္စ ဒ.က.စ ကိုမေးကြည့်တယ်၊ ဒု – ဒ.က.စ မှူးပြောတာကတော့ ဖရူဆိုအမှတ် (၁၄) မှာသင်တန်းတက်ဖို့ ပြောတယ်၊ စစ်ကားတွေဘောလခဲဘက်သွားတယ်လို့ ပြောတယ်၊ ပြန်မေးကြည့်တော့ မဟုတ်ဘူးတဲ့၊ အင်အားကတော့ သုံးထောင်လောက် ရှိမယ်လို့ ခန့် မှန်းရတယ် “ ဟုပြောသည်။

မည်သည့်အကြောင်းကြောင့် ယခုလို အင်အားအလုံးအရင်းနှင့် စစ်ရေးလာရောက်လေ့ကျင့်ရသည်ဆိုသည်ကိုမူ သူတို့ အနေနှင့် မသိရှိကြောင်း ခူးဒယ်နီယာယ်ကဆိုသည်။

ယခုကဲ့သို့ စစ်ကားအများအပြား ဖြတ်သွားတာကိုတွေ့ တော့စိုးရိမ်မိကြောင်း ဒီမောဆိုမြို့  ဒေသခံ တစ်ဦးက KnIC သို့ ပြောသည်။

“ အဲ့လို စစ်ကားအများကြီးသွားတာ မတွေ့ တာကြာပြီလေ၊ မနေ့ က အဲ့လို စစ်သားတွေလဲအများကြီးပါတယ်၊ ကားလဲအများကြီးဆိုတော့ စိတ်ထဲစိုးရိမ်တာပေါ့၊ တိုက်ပွဲဖြစ်မလားဘာလားပေါ့၊ ကြောက်တော့ကြောက်တယ်” ဟုဆိုသည်။

ဖရူဆိုမြို့ နယ် အမှတ် (၁၄) တန်းမြှင့် စစ်လေ့ကျင့်ရေးကျောင်းမှ (၁၀) မိုင်မနားတမ်း လမ်းလျှောက်လက်တွေ့  လေ့ကျင့်ခြင်းကို ယနေ့ တွင် ပြုလုပ်မည်ဖြစ်ပြီး ချီတက်လေ့ကျင့်မည့်ကိစ္စနှင့်ပတ်သက်ပြီး သက်ဆိုင်ရာနယ်မြေတာဝန်ရှိသူများမှ တစ်ဆင့် ဒေသခံရွာသားများကို အသိပေးထားဖို့  အမှတ် (၁၄) တန်းမြှင့် စစ်လေ့ကျင့်ရေးကျောင်းမှ တာဝန်ရှိသူများက အကြောင်းကြားခဲ့ကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *