KNPP လွိုင်ကော်ဆက်ဆံရေးရုံးချုပ်တာဝန်ခံ ခူညေးရယ်နှင့် တွေ့ဆုံခြင်း

Spread the love

“တပ်ကနယ်မြေရှင်းလင်းတယ်လို့ ပြောတယ်၊ အဲ့နေရာမှာ ကျနော်တို့ တပ်ရှိနေတယ်ဆိုတာ သူတို့ သိတာဘဲလေ”
ခူညေးရယ် – KNPP လွိုင်ကော်ဆက်ဆံရေးရုံးချုပ်တာဝန်ခံ

ကရင်နီပြည် (ကယား) အမှတ် (၂) ခရိုင် ဖားဆောင်းမြို့ နယ် နန်းကစ်ရွာနှင့် ဗဟန်းလော့ကျေးရွာကြားတွင် KNPP နှင့် အစိုးရတပ်တို့ ဒီကနေ့ မနက်ထိတွေ့ တိုက်ပွဲဖြစ်ခဲ့ကြသည်။ KNPP လွိုင်ကော် ဆက်ဆံရေးရုံးချုပ်တာဝန်ခံ ခူညေးရယ်ကို KnIC မှဆက်သွယ်မေးမြန်းထားသည်။

KnIC – ဆရာခူညေးရယ်ခင်ဗျ၊ ဒီနေ့ မနက် KNPP အမှတ် (၂) ခရိုင်မှာ KNPP နဲ့  အစိုးရတပ်တို့  တိုက်ပွဲဖြစ်တယ်လို့ သိရတယ်ဗျ၊ ဘယ်နေရာမှာဖြစ်သွားလဲ၊ တိုက်ပွဲဖြစ်တယ်ဆိုတာ အတည်ပြုလို့ ရပြီလားဗျ။
ခူညေးရယ် – ဖြစ်တယ်၊ ဖားဆောင်းမြို့ နယ် နန်းကစ်ကျေးရွာတောင်ဘက်က ဗဟန်းလော့ကြားမှာဖြစ်သွားတယ်လို့ သိရတယ်။ တိုက်ပွဲဖြစ်တာက ဒီနေ့ မနက် ခုနှစ်နာရီခွဲပါ၊ ဖြစ်သွားတာကတော့သေချာပါတယ်။

KnIC – ဖြစ်တာက ၄၂၈ တပ်လို့ သိရတယ်၊ သူတို့ က အဲ့ဘက်မှာလှုပ်ရှားနေတဲ့တပ်ဘဲလားဗျ။
ခူညေးရယ် – အဲ့တပ်က ဖားဆောင်းမြို့ နယ် ဘက်မှာ လှုပ်ရှားနေတဲ့တပ်တွေပါဘဲ။

KnIC – ဟုတ်ကဲ့ဗျ၊ နှစ်ဦးနှစ်ဘက် သဘောတူညီစာချုပ် (Bilateral Agreement) အရ တပ်တွေမသွားရမလာရ ဆိုတဲ့ ကန့် သတ်မှုမျိုးရှိတယ်လို့ သိရတယ်ဗျ၊ အခုက ဘယ်လိုစဖြစ်တာလဲ၊ တပ်ကနယ်မြေကျော်လို့ လားဗျ။
ခူညေးရယ် – “တပ်ကနယ်မြေရှင်းလင်းတယ်လို့ ပြောတယ်၊ အဲ့နေရာမှာ ကျနော်တို့ တပ်ရှိနေတယ်ဆိုတာ သူတို့ သိတာဘဲလေ”

KnIC – ထိတွေမှု စဖြစ်တဲ့အကြောင်းရင်းနဲ့  ထိခိုက်မှုအနေအထားရော သိရပြီလားဗျ။
ခူညေးရယ် – ကျနော်တို့ အသေးစိတ်စုံစမ်းနေတုန်းပါ၊ ဘယ်လိုကြောင့်ဖြစ်လဲ၊ ထိခိုက်မှုတွေ ဘာတွေက အစပေါ့လေ၊ အခုတော့ အသေးစိတ်မပြောနိုင်သေးဘူး။

KnIC – ကျေးဇူးပါဆရာ ခူညေးရယ်။
ခူညေးရယ် – ဟုတ်ကဲ့ပါ။

admin

Leave a Reply

Your email address will not be published. Required fields are marked *

Next Post

ဗမာတပ်မတော်နှင့် ကရင်နီ တပ်မတော် တို့အကြား နှစ်ဘက် ထိပ်တိုက်ထိတွေ့မှုဖြစ်စဉ်အပေါ် ထုတ်ပြန်ချက်

Sun Oct 21 , 2018
Spread the loveဗမာတပ်မတော်နှင့် ကရင်နီ တပ်မတော် တို့အကြား နှစ်ဘက် ထိပ်တိုက်ထိတွေ့မှုဖြစ်စဉ်အပေါ် ထုတ်ပြန်လိုက်သည့် ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) ၏ သဘောထား ထုတ်ပြန်ချက်။

You May Like

Breaking News