လွိုင်ကော်မြို့နယ်ရှိ ဝါရီကောခူကျေးရွာအနီး လယ်ကွင်းတွင် အမျိုးသမီးအလောင်း တွေ့ရှိ

Spread the love

လွိုင်ကော် နိုဝင်ဘာ ၂၄

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ကုန်းသာကျေးရွာအုပ်စု၊ ဝါရီကောခူကျေးရွာအနီးလယ်ကွင်းတွင် ၂၀၁၈ခုနှစ် နိုဝင်ဘာလ (၂၃)ရက်နေ့ညက ထိုးသွင်းဒဏ်ရာ အချက်(၃၀)ဖြင့် သတ်ခံထားရသော အမျိုးသမီးမှာ ရည်စားဖြစ်သူ နှင့် တန်ဆောင်တိုင်ပွဲလည်ရန် ထွက်သွားရာမှ ပျောက်ဆုံးနေသူဖြစ်ကြောင်း၊ အဆိုပါ သေဆုံးသူသည် ရှမ်းပြည်နယ်(တောင်ပိုင်း) မိုးဗြဲနယ်မြေရဲစခန်းတွင် လူပျောက်တိုင်တန်းထားသူဖြစ်ကြောင်း သိရသည်။

သေဆုံးသူအမျိုးသမီးမှာ ရှမ်းပြည်နယ်(တောင်ပိုင်း) မိုးဗြဲမြို့ ရှီးမီလောကျေးရွာတွင်နေထိုင်သူုဖြစ်ပြီး အသက် (၁၇) နှစ်အရွယ် မပွင့်ဖြူဖြစ်ကာ နိုဝင်ဘာလ (၂၂) ရက်နေ့ ည (၇)နာရီခွဲအချိန်ခန့်တွင် ၎င်း၏ရည်းစားဖြစ်သူက တန်ဆောင်တိုင်ပွဲလည်ရန်ခေါ်၍ နေအိမ်မှ ထွက်သွားခဲ့ရာမှ ပြန်ရောက်လာခြင်း မရှိတော့ဘဲ မိသားစုမှ ဖုန်းဆက်သော်လည်း ဖုန်းစက်ပိတ်ထားသဖြင့် ဆက်သွယ်၍ မရရှိခဲ့ကြောင်း သိရသည်။

သေဆုံးနေသူ အမျိုးသမီး၏ ခန္ဓာကိုယ်တွင် ၀ဲဘက်ခါးစောင်း ထိုးသွင်းဒဏ်ရာ (၂)ချက်၊ ၀မ်းဗိုက် ထိုးသွင်းဒဏ်ရာ(၁၀)ချက်၊ ၀ဲဘက်နို့အုံထိုးသွင်း ဒဏ်ရာ(၉)ချက်၊ ယာဘက်နို့အုံထိုးသွင်း ဒဏ်ရာ(၂)ချက်၊ ရင်ညွှန့်ထိုးသွင်းဒဏ်ရာ (၂)ချက်၊ ၀ဲဘက်ကျောကုန်း ထိုးသွင်းဒဏ်ရာ(၂)ချက်၊ ၀ဲဘက်လက်ဖျံ ထိုးသွင်းဒဏ်ရာ (၁)ချက်၊ ၀ဲဘက်ဂျိုင်းအောက် ထိုးသွင်းဒဏ်ရာ(၁)ချက်၊ ၀ဲလက်ခလယ် ပြတ်ရှဒဏ်ရာ(၁)ချက် စုစုပေါင်း ထိုးတွင်းဒဏ်ရာ အချက်(၃၀)ဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသည်ကို ရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ သိရသည်။

အဆိုပါလူသတ်မှုကို လွိုင်ကော်မြို့မရဲစခန်း(ပ)၂၅၆/၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်စစ်ဆေးနေပြီး ရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများမှပူးပေါင်း၍ တရားခံဖမ်းဆီးရမိရေးအတွက် စုံစမ်းဖေါ်ထုတ်သွားမည်ဖြစ်ကြောင်းသိရှိရသည်။

Credit : The police 199

admin

Leave a Reply

Your email address will not be published. Required fields are marked *

Next Post

KnIC နောက်ခံသမိုင်းကျဉ်း

Wed Nov 28 , 2018
Spread the loveပြီးခဲ့သည့် ၁၉၄၈ခုနှစ်ကတည်းက ကရင်နီအမျိုးသားတရပ်လုံးတို့သည် စစ်အာဏာရှင်တို့၏ ဖိနိပ်သွေးခွဲအုပ်ချုပ်မှုအောက်တွင် လူ့အခွင့်အရေးချိုးဖောက်မှုအမျိုးမျိုးတို့ကို နှစ်ပေါင်းများစွာရင်ဆိုင်ဖြတ်သန်းခဲ့ကြရသည်။ အမျိုးသားတရပ်လုံး၏အခြေခံအခွင့်အရေးများဖျက်ဆီးဆုံးရှုံးခံရခြင်းနှင့်လူ့အခွင့်အရေးများချိုးဖောက်ခံရခြင်း စသည့် အဖိနိပ်ခံကရင်နီပြည်သူတို့၏ အဖြစ်ပျက်မှတ်သတင်းအချက်အလက်များနှင့် အသံတို့အား အများပြည်သူများသိရှိနိုင်ရန်နှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းတို့အကြား သိရှိနိုင်ရန်အတွက် ကရင်နီသတင်းစဉ်အဖွဲ့ (KnIC)အား ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)မှ ပြီးခဲ့သည့် ၁၉၉၇ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်။ သတင်းအချက်အလက်များကျယ်ကျယ်ပြန့်ပြန့်ရောက်ရှိနိုင်ရန်အတွက် KnIC၏အောက်တွင် ၀က်ဆိုဒ်ဖြင့်သတင်းများဖြန့်ချိခြင်း၊ နေ့စဉ် FM ရေဒီယိုဖြင့်သတင်းများလွင့်ခြင်းနှင့် လစဉ်ဂျာနယ်ထုတ်လုပ်ခြင်းစသည့် လုပ်ငန်းအစီအစဉ် (၃)ခုဖြင့်လုပ်ဆောင်ခဲ့သည်။ ဘာဏ္ဌာရေးထောက်ပံ့မှုအခဲခက်များကြောင့် အထက်ဖော်ပြထားသည့် လုပ်ငန်းစဉ်များထဲမှ နေ့စဉ် FM ရေဒီယိုလုပ်ငန်းနှင့် လစဉ်ဂျာနယ်ထုတ်လုပ်ရေးလုပ်ငန်းအား ရပ်ဆိုင်းခဲ့ရသည်။ လက်ရှိတွင် နယ်စပ်ဒေသ၌ ဗဟိုဌာနချုပ်ရုံးနှင့် ပြည်တွင်းရုံးထားရှိပြီး သတင်းများဆက်လက်ဖြန့်ချိတင်ဆက်သွားနိုင်ရန် ၀က်ဆိုဒ်လုပ်ငန်းအား ဆက်လက်ဆောက်ရွက်လျက်ရှိပါသည်။

Breaking News