ကရင်နီပြည် သူများခိုင်းနွား သူများမယားထပ်မဖြစ်ရန် သတိထား

Spread the love

၁၉၄၈ ခုနှစ်က ကရင်နီပြည်စစ်သည် “ဘာသာရေးအခြေခံစစ်ဖြစ်ပွားခြင်း”မဟုတ်ပါ။ ဇစ်မြစ်သည် ဗမာနှင့် ပေါင်းရေး မပေါင်းရေးမှာစပြီး ဗမာနှင့် ပေါင်းလိုသည့် ကရင်နီအုပ်စုကသာ ဗမာနှင့် ပေါင်း၍သာ ကရင်နီပြည်ကို ဗမာ၏ ဝင်ရောက်စွက်ဖက်ကျူးကျော်မှုကနေဖြစ်လာသည့် နယ်ချဲ့ ဗမာတို့အား ခုခံထွန်းလှန်သည့် စစ်ပွဲဖြစ်သည်။ “ဘာသာရေးအခြေခံစစ်ဖြစ်ပွားခြင်း” ဆိုရလောက်အောင် ဟုတ်မဟုတ်ဆိုသည်ကို ဆန်းစစ်ကြည့်လျင် RCM ခရစ်ယန် ဘုန်းတော်ကြီး နှစ်ပါး အသတ်ခံရသည့် ဖြစ်ရပ်မှာ တဖက်က နိုင်ငံရေး တွေးတောဆင်ခြေမှုအပိုင်းမှာ အားနည်းမှုကြောင့်လည်းဖြစ်နိုင်သကဲ့သို့ သမိုင်းရေးသူကလည်း အတွင်းကျကျ ဖြစ်ရပ်မှန်ကို မသိ၍ အပေါ်က ထင်သာမြင်သာသည့် ဖြစ်ရပ်ကိုသာ ရေးသားခဲ့ကြသည့်အတွက် “ဘာသာရေးအခြေခံစစ်ဖြစ်ပွားခြင်း” ကို ယနေ့ပြည်သူအကြားထင်ယောင်ထင်မှား ဖြစ်နေပေလိမ့်မည်။

သမိုင်းကိုသေချာ လေ့လာကြည့်ကြရမည်။ RCM ဘုန်းကြီးအသတ်ခံရသည့်ဖြစ်ရပ်အား အခြေခံ၍ ခရစ်ယန် ဘာသာများ တဘာသာနှင့် တဘာသာ စစ်ဖြစ်ခဲ့ကြသည်မှာ မရှိခဲ့ပါ။ စစ်ကာလအတွင်း တွေးတောဆင်ချင်မှုအားနည်းမှုကြောင့် လုပ်မိလုပ်ရာ ဘုန်းတော်ကြီး နှစ်ပါး အသတ်ခံရသည့် ဖြစ်ရပ်ဖြစ်ပြီးသည့်အပေါ်မှာသာ သမိုင်းရေးသူက “ဘာသာရေးအခြေခံစစ်ဖြစ်ပွားခြင်း” ဆိုပြီးရေးသည့် သဘောမျိုးသာဖြစ်သည်။ အမှန်မှာ ကရင်နီပြည်တွင် ဖြစ်သည့် စစ်ပွဲဇစ်မြစ်သည် ဘာသာရေးကြောင့် မဟုတ်ပဲ ဗမာနှင့် ပေါင်းရေးအုပ်စုက ဖဆပလ အကူအညီနှင့် ကရင်နီ ကောင်စီ ဌာနချုပ်ကို အကြမ်းဖက်ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ခြင်းသာဖြစ်သည်။

ရှမ်းပြည်ရှိ လွယ်မွေ္ဗတွင် တပ်စွဲထားသည့် 13- UMPမှ ကရင်နီ တပ်ဖွဲ့က ကရင်နီပြည်ကို ပြန်ဆင်းလာပြီး စစ်ပွဲစဖြစ်ခြင်းဖြစ်သည်။ ABM နှစ်ခြင်းခရစ်ယန် ရွာဖြစ်သည့် ယနားခူ ရွာနှင့် RCM ခရစ်ယန် ဖြစ်သည့် ဒေါရောက်ခူ ရွာ ဒီနှစ်ရွာ၏ ပြဿနာအား အကြောင်းပြုပြီး “ဘာသာရေးအခြေခံစစ်ဖြစ်ပွားခြင်း” ဆို၍မရပါ။ RCM ခရစ်ယန်ဘာသာနှင့် ABM နှစ်ခြင်းခရစ်ယန်ဘာသာ စစ်ဖြစ်ခဲ့သော် ဘာကြောင့် ယနားခူ တရွာတည်းကိုသာ ဖျတ်ဆီး မောင်းထုတ်ခဲ့ကြသနည်း…။

ကရင်နီပြည်ရှိ ABM နှစ်ခြင်းခရစ်ယန်ဘာသာ ရွာတွေထဲမှာ ကရင်နီ ခုခံတော်လှန်ရေးထဲ မပါသည့် ရွာမရှိသလို ဘာ့ကြောင့် ဒီရွာတွေကိုလည်း ဖျက်ဆီးမောင်းထုတ်မှုများ မလုပ်ခဲ့ကြသနည်း…။ ရွာလုံးကျွတ်မဟုတ်သည့်တိုင် ပါဝင်သူတို့၏ အိုးအိမ်ဖျက်ဆီး၊ လယ်မြေသိမ်းဆီး၊ လူတိုင်းကို လိုက်မလုပ်သနည်း…။ RCM ခရစ်ယန်ဘာသာရွာဖြစ်ကြသည့် ဒေါရောက်ခူ ၊ ဆောင်ဒူ ၊ လပူ ၊ ယတ်ခူ ၊ သယူး ၊ ကဖူ့ ၊ ဟွာရီခူ ၊ ဆေးလယာ စသည့်ရွာများသည်လည်း ကရင်နီ ခုခံတော်လှန်ရေးထဲမှာ ပါဝင်သူ မနည်းမနောပါ။ ကရင်နီပြည်တွင်းစစ်ပွဲသည် RCM ကာသိုလိတ် ခရစ်ယန်ဘာသာနှင့် ABM နှစ်ခြင်းခရစ်ယန်ဘာသာ နှစ်ရပ် စစ်ပွဲဟုပြောဆို သတ်မှတ်လျင် ဒီလူတွေလည်း ကရင်နီ ခုခံတော်လှန်ရေးထဲမှာပါဝင်စရာ အကြောင်းမရှိပါ။ အဆိုပါဖြစ်ရပ်အားသေချာ လေ့လာကြည့်ခြင်းအားဖြင့် ကရင်နီပြည်မှာဖြစ်သည့် စစ်ပွဲသည် “ဘာသာရေးအခြေခံစစ်ဖြစ်ပွားခြင်း” မဟုတ်ကြောင်း ခိုင်မာလှပါသည်။

 ဗမာ ဖဆပလနှင့် ပေါင်းတာကို ကျနော့အနေဖြင့် အပြစ်မဆိုလိုပါ။ ထိုအချိန်က နိုင်ငံရေး ရေစီးကြောင်းအရ ကိုယ့်အတွေး အရ အကောင်းမြင်သည့် အနေဖြင့် ပေါင်းရခြင်းဖြစ်သည်ဟု ဆိုလဲဆိုနိုင်သည်။ သို့သော် ဗမာအုပ်စုကသာ ဂတိမတည် လိမ်လည်ကောက်ကျစ်ခဲ့သည့်အတွက် ကျနော်တို့ ကရင်နီပြည်ကို ကယားပြည်နယ် အမည်ပေးပြီး ကရင်နီပြည်သည် ယခုအခါ ဗမာခိုင်းနွား၊ ဗမာမယား ဖြစ်သွားသည်ကို အလွန်မှရင်နာစရာ ကောင်းလှသည်။ နိုင်ငံရေး တကွက်မှား၍ လူမျိုး တသက် ခံရခြင်းဖြစ်ပေသည်။ ခုလည်းပဲ နိုင်ငံရေး အကွက် နောက်ထပ်မမှားရန် လွန်စွာမှ အရေးကြီးသည့်အတွက် အတွေးအခေါ်၊ အသိညာဏ်များ သတိရှိရှိနိုးကြားနေကြရလိမ့်မည်။

 ခွန်းရီမာန်ထူး ရေးသားသည်။

admin

Leave a Reply

Your email address will not be published. Required fields are marked *

Next Post

မင်းလား နိုင်လွတ်လုံ

Tue Sep 10 , 2019
Spread the love ရူဘီ လက်ရှိကရင်နီပြည်တွင် ခေတ်စားနေသည့် ဥပဒေတစ်ခုမှာ နိုင်လွတ်လုံ ဟူ၍ အသိများကြသည့် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပးရေးဥပဒေ ဖြစ်သည်။ ဤဥပဒေကို ၂၀၁၇ ခုနှစ်၊ မတ်လ (၈)ရက်နေ့တွင် သမ္မတဦးထင်ကျော်မှ ပြဌါန်းထားခြင်းဖြစ်သည်။ ဤဥပဒေ၏ ပြဌါန်းရခြင်း၏ ရည်ရွယ်ချက်အား ထည့်သွင်းဖော်ပြထားခြင်းမရှိသော်လည်း ဥပဒေပါ ပြဌါန်းချက်များအား ကြည့်ခြင်းအားဖြင့် ပြည်သူလူထုတစ်ဦးချင်းစီ၏ အခွင့်အရေး ကာကွယ်ရန် ဟု ယေဘုယျအားဖြင့် နားလည်နိုင်သည်။ လက်ရှိ ပြည်နယ်တွင်းတွင် အစိုးရမှ နိုင်လွတ်လုံဥပဒေပုဒ်မ (၁၀)ဖြင့် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကန့်ကွက်လှုပ်ရှားသည့် လူငယ်များအား တရားစွဲဆိုခြင်း၊ စစ်တပ်မှ တောင်သူများအား အလားတူ ဥပဒေပုဒ်မဖြင့်ပေ တရားစွဲဆိုမှုများ […]

Breaking News