ကရင်နီလူငယ်တွေကိုဖမ်းဆီးဖို့  သမ္မတကိုယ်တိုင်ညွန်ကြားထားဟုဆို

Spread the love

ကရင်နီလူငယ် ခြောက်ယောက်ကို နိုင်ငံသားတွေရဲ့  ပုဂ္ဂိုလ်ရေးဆိုင်ရာ လွပ်လပ်မှု၊ လုံခြုံမှုကာကွယ်ပေးရေးဥပဒေ ပုဒ်မ (၁၀) နဲ့  ကယားပြည်နယ်အစိုးရ လက်ထောက်ညွန်ကြားရေးမှူး ဦးသက်နောင်က လွိုင်ကော်မြို့ မရဲ့ စခန်းမှာ အမှုဖွင့်တိုင်ကြားသည်ဟုသိရသည်။ လက်ရှိအချိန်မှာ လူငယ်တွေကို ဖမ်းဆီးဖို့ ရဲတပ်ဖွဲ့ဝင်တွေက လိုက်လံရှာဖွေနေပြီး လူငယ်တွေကို ရဲစခန်းမှာ လာရောက်အဖမ်းခံဖို့  ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက ဖုန်းဆက်အ ကြောင်းကြားထားကြောင်း တရားစွဲခံထားရသည့် လူငယ်များမှပြောသည်။

အခုလိုလိုက်လံဖမ်းဆီးနေမှုဟာ ပြည်နယ်အစိုးရကို ပြည်ထောင်စုအစိုးရက အမိန့့် ပေးထားတာဖြစ်ပြီး ကြေးရုပ်ထုကိစ္စနဲ့ ပတ်သက်လို့ လူငယ်တွေဆန္ဒပြတာထပ်ဖြစ်လာမည်ဆိုပါက ဖမ်းဆီးဖို့ သမ္မတ ကိုယ်တိုင် ညွန်ကြားချက်ပေးထားတယ်လို့  တရားစွဲခံလူငယ်တစ်ဦးဖြစ်တဲ့ ခူးကြူးဖဲကေး (ခ) ဂူဂူးက KnIC ကို ပြောသည်။

“အခုလိုလိုက်လံဖမ်းဆီးတာဟာ ပြည်နယ်အစိုးရမဟုတ်ဘဲ ပြည်ထောင်စု အစိုးရကပါ ပါဝင်ပတ်သက် နေတယ်လို့ သိရတယ်၊ သမ္မတကိုယ်တိုင်က ကြေးရုပ်ထုကိုမဖယ်ရှားဘူး၊ ပြောင်းရွေ့ဘူးလို့ ပြောပြီးတော့မှ ကရင်နီလူငယ်ခေါင်းဆောင်တွေက ဦးဆောင်ပြီး ဆန္ဒပြမှုတွေဖြစ်လာမယ်ဆိုရင် ဖမ်းဆီးဖို့ ညွန်ကြားထားတယ်လို့ လဲ ကနဦးသတင်းတွေကျနော်တို့ ဆီရောက်ပါတယ်” ဟု ခူးကြူးဖဲကေး (ခ) ဂူဂူးက ပြောသည်။

လူငယ်တွေအနေနဲ့ အမျိုးသားရေးနဲ့ နိုင်ငံရေးကို ရိုးရိုးသားသားလုပ်နေတာဖြစ်တဲ့အတွက် အမှုကို ရင်ဆိုင်သွားမှာဖြစ်သည်ဟုလည်း ခူးကြူးဖဲကေး (ခ) ဂူဂူးကဆက်ပြောသည်။

“ ကျနော်တို့ ကတော့ အမျိုးသားရေးနဲ့ နိုင်ငံရေးကိုလုပ်တဲ့နေရာမှာ ရိုးရိုးသားသား နဲ့ ပွင့်လင်းမြင်သာမှုရှိရှိဘဲလုပ်တဲ့အတွက် ဒီအမှုကိုရင်ဆိုင်သွားမှာပါ” ဟုဆိုသည်။

ပြီးခဲ့တဲ့ မတ်လ (၂၅) ရက်နေ့ က ကရင်နီလူငယ်ခြောက်ဦးဖြစ်တဲ့ ဒီးဒီ (ခ) စစ်မုန်း၊ ခူးကြူးဖဲကေး (ခ) ဂူဂူး၊ ခူးပါစကွားလယ် (ခ) မျိုးလှိုင်ဝင်း၊ ခွန်းဂျွန်ပေါလ်၊ ခူးရီးဒူ နှင့် ခွန်းသောမတ်တို့ က ကယားပြည်နယ်ဝန်ကြီးချုပ် အယ်လ်ဖောင်းရှိုလ်နဲ့ စီမံဘဏ္ဍာဝန်ကြီး ဦးမော်မော်တို့ ကို နိုင်ငံရေးရာဇဝတ်ကောင်၊ ကရင်နီအမျိုးသားသစ္စာဖောက်၊ တိုင်းရင်းသား သွေးစည်းချစ်ကြည်ရေးအတွက် ရန်သူနဲ့ ကျေးဇူးကန်းသူတွေဖြစ်ကြောင်း စာထုတ်ပြန်ခဲ့ တာနဲ့ ပတ်သက်ပြီး ဦးသက်နောက်က တရားလို လုပ်အ မှုဖွင့် တိုင်ကြား ထားတာဖြစ်ကြောင်းသိရသည်။

ကရင်နီလူငယ်တွေကိုအခုလို တရားစွဲပြီးဖမ်းဆီးဖို့ လုပ်နေခြင်းမှာ ဗိုလ်ချုပ်ကြေးရုပ်ကိစ္စနှင့်ပတ်သက်ပြီး ဆန္ဒပြမှုတွေထပ်မံပေါ်ပေါက်လာမှာကို စိုးရိမ်တဲ့အတွက် လုပ်ဆောင်နေခြင်းဖြစ်သည်ဟုလည်း ကရင်နီလူငယ်များ မှဆိုသည်။

Photos – တရားစွဲခံထားရသည့် ကရင်နီလူငယ်များ

Leave a Reply

Your email address will not be published. Required fields are marked *