ဒေါတမကြီးကျေးရွာအုပ်စုဟာ အိမ်ခြေထောင်ချီရှိတဲ့ကျေးရွာအုပ်စုဖြစ်ပြီး လက်ရှိအချိန်မှာ ရေပြတ်လပ်တဲ့ဒဏ်ကိုခံစားနေရ

Spread the love

ကရင်နီပြည် (ကယား) ဒီမောဆိုမြို့ နယ်အတွင်းက ဒေါတမကြီးကျေးရွာအုပ်စုဟာ အိမ်ခြေထောင်ချီရှိတဲ့ကျေးရွာအုပ်စုဖြစ်ပြီး လက်ရှိအချိန်မှာ ရေပြတ်လပ်တဲ့ဒဏ်ကိုခံစားနေရတယ်လို့ ဆိုပါတယ်။ ကျေးရွာတွေက အားထားရတဲ့ရေတွင်းတွေအားလုံးဟာ ခန်းခြောက်လာနေပြီဖြစ်သလို၊ တောင်ခြေမှာရှိတဲ့ရေကန်ဟာလည်းခန်းလုနီးပါးအခြေအနေကိုရောက်ရှိနေပြီဖြစ်ကြောင်း ဒေသခံတွေကပြောပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဒေါတမကြီးကျေးရွာအုပ်စုဥက္ကဌ ခူးကိုရယ်ကို KnIC ကဆက်သွယ်မေးမြန်းထားပါတယ်။

“ကျနော်တို့ ဆိုလိုချင်တာက ကျနော်တို့ အခုသွယ်နေတဲ့စိမ့်စမ်းရေပေါ့နော်၊ အရင်က ACF အဖွဲ့ က လုပ်ထားပေးတာရှိတယ်၊ အဆင်မပြေသေးဘူး၊ နောက်ထပ် နတလ တလိုင်းထပ်သွယ်ပေးတယ်ဒါလဲအဆင်မပြေသေးဘူး၊ ဒါကြောင့်ကျနော်တို့ ကအဲ့စိမ့်စမ်းရေကိုစိတ်မဝင်စားတော့ဘူး ရေရှည်အတွက်မဖြစ်နိုင်ဘူးပေါ့။

ကျနော်တို့ က ရေရှည်အတွက် ပွန်ချောင်းကနေမြစ်ရေတင်စနစ်နဲ့ လုပ်ချင်တယ်ဆိုတော့ ပြီးခဲ့တဲ့မနှစ်က အစိုးရဘက်က ကိုယ်စားလှယ်တော်ကြီးအဖွဲ့ တွေနဲ့ သွားကြည့်တယ် သွားလေ့လာတယ်၊ သွားလေ့လာပြီး ကျနော်တို့ ထွေအုပ်ရုံးမှာအစည်းအဝေးပြန်ထိုင်တယ် ၊ ကော်မတီတွေလဲဖွဲ့ ပြီးပြီ ၊ ဒါပေမဲ့သူတို့ က ကုန်ကျစရိတ်တအားများတယ် ပြည်နယ်ဘတ်ဂျက်နဲ့ မဖြစ်နိုင်ဘူးဆိုပြီး အခုချိန်ထိငြိမ်နေသေးတယ်ဘာမှဖြစ်မလာသေးဘူးပေါ့၊ ကျနော်တို့ တောင်းဆိုချင်တာကတော့ မြစ်ရေတင်စနစ်ကိုလုပ်နိုင်မယ်ဆိုရင်တော့ ရေရှည်အတွက်ရေရှားတာကိုဖြေရှင်းပေးနိုင်မယ်လို့ ပြောချင်တယ်ဗျ”

KnIC – ခူးကိုရယ်ခင်ဗျာ၊ ဒေါတမကြီးကျေးရွာအုပ်စုဘက်မှာ ရေရှားပါးတဲ့ပြသနာတွေကိုကြုံနေရတယ်လို့ သိရတယ်ဗျ။ အဲ့ဒီအခြေအနေလေးပြောပြပေးပါအုံး။

ခူးကိုရယ် – ဟုတ်ကဲ့၊ ရေကတော့တော်တော်လေးရှားတယ်လို့ ပြောရမှာပေါ့နော်။ ရွာမှာရှိတဲ့ရေတွင်းတွေအကုန်လုံးလဲရေတွေခန်းပြီ၊ အခုကတောင်ခြေမှာရှိတဲ့ရေကန်ထဲကရေကိုဘဲ သုံးရွာလုံးကမျှသုံးနေရတာပေါ့။

KnIC – ဟုတ်ကဲ့၊ ရေကန်မှာကောရေအခြေအနေဘယ်လိုရှိလဲ၊ ရေလုံလောက်မှုရှိသေးလားဗျ။

ခူးကိုရယ် – ရေကန်ရေကတော့ တဖြည်းဖြည်းနဲ့ ရေနှောက်လာပြီပေါ့နော်၊ အရင်က ရေများသေးတဲ့အချိန်ကျတော့ရေကောင်းတယ်သောက်သုံးလို့ ရသေးတာပေါ့၊ အခုနောက်ပိုင်းကျတော့ ရေနည်းလာပြီး လူရော၊ ကျွဲတွေ၊ နွားတွေရောရေလာသောက်တဲ့အခါကျတော့ ရေကသန့် ရှင်းမှုမရှိတော့ဘူးဗျ။

KnIC – ဆိုတော့၊ အဲ့ဒီရေကန်ကိုပေါ့လေ ကျေးရွာဘယ်နှစ်ရွာက ရေအတွက်မှီခိုနေရတာလဲခင်ဗျ။ အိမ်ခြေဘယ်လောက်ရှိလဲဗျ။

ခူးကိုရယ် – ဒေါတမကြီး၊ ဒေါညေးခူနဲ့ ဒေါဆော်ဖျကျေးရွာသုံးရွာကအဓိကမှီခိုနေရတာပေါ့နော်၊ အိမ်ခြေကတော့ ဒေါတမကြီးက ၄၀၀၊ ဒေါညေးခူက ၃၅၀၊ ဒေါဆော်ဖျက ၁၄၀ ဆိုတော့ အိမ်ခြေ ကိုးရာလောက်ရှိမယ်။

KnIC – ရေတွင်းကရေတွေကရေလုံးဝခန်းသွားပြီလားဗျ။

ခူးကိုရယ် – ဟုတ်ပါတယ်၊ ရေတွင်း လေးငါးတွင်းကရေတွေကတော့ခန်းကုန်ပါပြီ။ ဒီနှစ်ကတော့ အရင်နှစ်ထက်ပိုဆိုးလာတယ်၊ အပူချိန်ကအစလေ။ KnIC – ဒါဆိုရင်လက်ရှိအခြေအနေမှာ ချက်ပြုတ်စားသောက်ဖို့ အတွက်ရေကိုဘယ်ကရနေလဲဗျ။ ခူးကိုရယ် – အဓိကတော့ အခုနပြောတဲ့ ရေကန်ကရေကိုဘဲကြိုးစားသုံးနေရတာပေါ့၊ နောက်ပြီး ဒီနေ့ တော့ ကယားလီဖုလူငယ်တွေက ရေလာလှူပေးတာရှိပါတယ်။

KnIC – အခြားအလှူရှင်တွေလာလှူတာမျိုးရောရှိသေးလားဗျ။

ခူးကိုရယ် – ရှိပါတယ်။ ဒါပေမဲ့ သူတို့ က ကားတစ်စီးနဲ့ ဘဲလာတယ်ဆိုတော့ ရေကလုံလောက်မှုမရှိဘူး၊ တစ်ချို့ ရပ်ကွက်ကရပြီးတစ်ချို့ ကျတော့မရဘူး၊ အဲ့လိုမျိုးဖြစ်နေတယ်။

KnIC – သက်ဆိုင်ရာအစိုးရကလာရောက်ကူညီတာမျိုးရှိလားဗျ။

ခူးကိုရယ် – ပြီးခဲ့တဲ့သုံးလပိုင်းမှာ ထွေအုပ်ရုံးကလာလှူတာရှိတယ်၊ ဒါပေမဲ့သူများကားနဲ့ ဘဲလာလှူတယ်ဆိုတော့ ဘယ်လိုမှမလောက်နိုင်ဘူးလေ၊ လက်ရှိအချိန်တော့ အစိုးရဘက်က လာကူညီတာမျိုးမရှိသေးပါဘူး။

KnIC – ရေရရှိဖို့ အတွက်ဒေသခံတွေအနေနဲ့ ဘယ်လို ကြိုးပမ်းနေကြလဲခင်ဗျ။

ခူးကိုရယ် – လက်ရှိအချိန်တော့ ကျနော်တို့ က အဝီစိတွင်းကိုဘဲပြန်လုပ်ဖို့ ပေါ့၊ အခုဒေါဆိုဖျရွာက ရေကြောရှာတာတွေ့ သွားပြီ၊ သူကရေကြောတစ်ခါရှာရင် နှစ်သိန်းပေးရတယ် သုံးလေးနေရာရှာရင်တော့ခုနှစ်သိန်းရှစ်သိန်းကျမှာပေါ့၊ အဝီစိတွင်းထပ်တူးရင်သိန်း သိန်းနှစ်ရာလောက်ထပ်ကုန်ဦးမယ်ပြောတယ်။

KnIC – ရေရရှိရေးနဲ့ ပတ်သက်ပြီး အစိုးရကို ဘာများတောင်းဆိုချင်လဲခင်ဗျ။

ခူးကိုရယ် – တောင်းဆိုခွင့်ရမယ်ဆို အဝီစီရေကြောရှာဖွေပြီးတွေ့ မယ်ဆို အဝီစိတူးတဲ့စားရိတ်ပေါ့၊ အဲ့တာတင်တောင်းမယ်ဆိုရနိုင်မလားပေါ့၊ အဲ့ကုန်ကျစရိတ်ကို အစိုးရအနေနဲ့ ကူညီစေချင်တာပေါ့။ တူးခတော့ ခန့် မှန်းခြေ သိန်းနှစ်ရာလောက်ကုန်မယ်လို့ ပြောတာဘဲ။

KnIC – ဘာများဖြည့်စွက်ပြောချင်သေးလဲခင်ဗျ။

ခူးကိုရယ် – ကျနော်တို့ ဆိုလိုချင်တာက ကျနော်တို့ အခုသွယ်နေတဲ့စိမ့်စမ်းရေပေါ့နော်၊ အရင်က ACF အဖွဲ့ က လုပ်ထားပေးတာရှိတယ်၊ အဆင်မပြေသေးဘူး၊ နောက်ထပ် နတလ တလိုင်းထပ်သွယ်ပေးတယ်ဒါလဲအဆင်မပြေသေးဘူး၊ ဒါကြောင့်ကျနော်တို့ ကအဲ့စိမ့်စမ်းရေကိုစိတ်မဝင်စားတော့ဘူး ရေရှည်အတွက်မဖြစ်နိုင်ဘူးပေါ့။

ကျနော်တို့ က ရေရှည်အတွက် ပွန်ချောင်းကနေမြစ်ရေတင်စနစ်နဲ့ လုပ်ချင်တယ်ဆိုတော့ ပြီးခဲ့တဲ့မနှစ်က အစိုးရဘက်က ကိုယ်စားလှယ်တော်ကြီးအဖွဲ့ တွေနဲ့ သွားကြည့်တယ် သွားလေ့လာတယ်၊ သွားလေ့လာပြီး ကျနော်တို့ ထွေအုပ်ရုံးမှာအစည်းအဝေးပြန်ထိုင်တယ် ၊ ကော်မတီတွေလဲဖွဲ့ ပြီးပြီ ၊ ဒါပေမဲ့သူတို့ က ကုန်ကျစရိတ်တအားများတယ် ပြည်နယ်ဘတ်ဂျက်နဲ့ မဖြစ်နိုင်ဘူးဆိုပြီး အခုချိန်ထိငြိမ်နေသေးတယ်ဘာမှဖြစ်မလာသေးဘူးပေါ့၊

ကျနော်တို့ တောင်းဆိုချင်တာကတော့ မြစ်ရေတင်စနစ်ကိုလုပ်နိုင်မယ်ဆိုရင်တော့ ရေရှည်အတွက်ရေရှားတာကိုဖြေရှင်းပေးနိုင်မယ်လို့ ပြောချင်တယ်ဗျ။

KnIC – ကျေးဇူးပါ ခူးကိုရယ်ခင်ဗျ။

Leave a Reply

Your email address will not be published. Required fields are marked *