ကရင်နီလူငယ် သပိတ်ထပ်မံဖြိုခွဲခံရပြီး သပိတ်စခန်းဖွင့်ရာနေရာကို ရဲတပ်ဖွဲ့ဝင်များ ဝင်ရောက်စီးနင်း

Spread the love

၈.၂.၂၀၁၉

မနေ့က ၇.၂.၂ဝ၁၉ ညနေတွင် ရဲအင်အားအလုံးအရင်းဖြင့်ဖြိုခွဲခံရပြီး မနေ့ည ၇ နာရီဝန်းကျင်တွင်ပြန်လည်စတင်လိုက်သည့် ကရင်နီလူငယ် ထိုင်သပိတ်စခန်းကို ယနေ့မနက်တွင် ရဲတပ်ဖွဲ့ဝင်များ ထပ်မံဖြိုခွဲလိုက်သည်။ ဖြစ်စဉ်တွင် လူငယ် ၉ ဦး အဖမ်းခံရပြီး ဖမ်းဆီးခံလူငယ်များထဲတွင် သပိတ်စခန်းအခြေအနေနှင့်ပတ်သက်ပြီးအများပြည်သူသိအောင် မှတ်တမ်းရယူနေသည့်လူငယ်များလည်း ပါဝင်ပြီး မီဒီယာနှင့်ပတ်သက်သည့် ပစ္စည်းများကို သိမ်းယူသွားသည်ဟု ပြောရေးဆိုခွင့်ရှိသူ ခွန်းသောမတ်စ်မှ KnIC သို့ပြောသည်။

” လူငယ်ကိုးယောက်ဖမ်းသွားတယ်၊ အခုဖမ်းတဲ့ထဲမှာ ကျနော်တို့ သပိတ်စခန်းနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်ပေးနေတဲ့ မီဒီယာလဲပါတယ် ကင်မရာတွေလည်းအားလုံးသိမ်းသွားတယ် ” ဟုဆိုသည်။

လက်ရှိအချိန်တွင်သပိတ်စခန်းနေရာကို ရဲတပ်ဖွဲ့င်များ နေရာယူထားပြီး မည်သူမျှဝင်လို့မရအောင်တာဆီးထားကြောင်း ခွန်းသောမတ်စ်မှ ဆက်ပြောသည်။

” သပိတ်စခန်းကို ဝင်စီးလိုက်တဲ့သဘောပါ၊ အခုအဲ့နေရာကိုရဲတွေ နေရာယူထားတယ်၊ ဘယ်သူ့ကိုမှပေးမဝင်တော့ဘူး ” ဟုပြောသည်။

ရဲတပ်ဖွဲ့ဝင်အများအပြားသုံးစွဲကာ သပိတ်စခန်းကို ဖြိုခွဲခံရခြင်းမှာ တတိယအကြိမ်ရှိသွားပြီဖြစ်ပြီး လူငယ် ၅၀ ကျော်မှာ ငြိမ်းစုစည် ပုဒ်မဖြင့်တရားစွဲခံထားရကြောင်းသိရသည်။

Photo – KnIC

Leave a Reply

Your email address will not be published. Required fields are marked *