ဗိုလ်ချုပ်ကြေးရုပ်ထု မထားရှိရေး သပိတ်စခန်းဖွင့်သည့် ကရင်နီလူငယ်များ တရားစွဲခံရ

Spread the love

လွိုင်ကော်မြို့ ကန္ဒာဟေဝန်ပြည်သူ့ပန်းခြံတွင် စိုက်ထူထားသည့် ဗိုလ်ချုပ်ကြေးရုပ်ထု ကိုကန့်ကွက်ပြီး ထိုင်သပိတ်စခန်းဖွင့်နေသည့်ကရင်နီလူငယ် ၇ ဦးကို ငြိမ်းစုစည်ပုဒ်မ ၁၉ နှင့် သက်ဆိုင်ရာမှ တရားစွဲဆိုလိုက်ကြောင်းသိရသည်။

လူငယ်များသပိတ်စခန်းဖွင့်သည့်နေရာကို ပြည်နယ်တွင်းဥပဒေအရ ဆန္ဒမပြရနယ်မြေဟု အစိုးရမှ အရေးပေါ်ထုတ်ပြန်လိုက်ပြီး လူငယ်များကို တရားစွဲဆိုတာဖြစ်ကြောင်း သပိတ်ပွဲတွင် ဦးဆောင်ပါဝင်သူ ကိုကျော်ထင်အောင်မှ KnIC သို့ပြောသည်။

” ပုဒ်မ ၁၉ ငြိမ်းစုစီနဲ့ဆွဲတာပါ.. ပြီးတော့အခုဆန္ဒပြ သပိတ်လုပ်တဲ့နေရာက ပြည်နယ်အစိုးရသတ်မှတ်ထားတဲ့ဆန္ဒမပြရ နယ်မြေထဲမပါဘူး၊ ၂၉ ရက်နေ့ကမှအရင်ကရှိထားတဲ့ဥပဒေကို လွှမ်းခြုံပြီး အသစ်ထပ်ထုတ်လိုက်တာလို့ပြောတယ်” ဟုဆိုသည်။

တရားစွဲခံရသူများထဲက သုံးဦးဖြစ်သည့် ဒီးဒီ (ခ) စစ်မုန်း၊ မျိုးလှိုင်ဝင်းနှင့် ခွန်းသော်မတ်စ်တို့မှာ ကြေးရုပ်ထုမထားရှိရေးလှုပ်ရှားမှုကြောင့် ပုဒ်မ ၅၀၅ (ခ) နှင့် တရားရင်ဆိုင်နေရဆဲ ဖြစ်သည်။

တရားစွဲခံရသူ ၇ ဦးမှာ ကျော်ထင်အောင်၊ မျိုးလှိုင်ဝင်း၊ခွန်းသောမတ်စ်၊ ရီးရယ်(ခ)ရီးဒူ၊ ဒီးဒီ (ခ) စစ်မုန်း ၊ စတာနီတူးတူးနှင့် ခူးကြူးဖဲကေး (ခ) ဂူးဂူးတို့ဖြစ်ကြောင်းသိရသည်။

ရုပ်ထုတည်ဆောက်သည့်လုက်ငန်းတွင် ဘဏ္ဍာရေးဆိုင်ရာစည်းမျဉ်းကို ချိုးဖောက်ထားကြောင်း ကရင်နီလူငယ်ထုမှ သမ္မတထံ အိတ်ဖွင့်ပေးစာပေးပို့ထားကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *