ဗိုလ်ချုပ်ကြေးရုပ်ထုကို တည်ဆောက်သည့် ကိစ္စနှင့် ပတ်သက်ပြီး ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPP အထွေထွေ အတွင်းရေးမှူး ရွှေမျိုးသန့်ကို KnIC မှ ဆက်သွယ်မေးမြန်း

Spread the love

သူတို့လုပ်နေတဲ့ကိစ္စကို ဘာဖြစ်ဖြစ် ပြီးအောင်ဆက်လုပ်တယ်၊ ငါအစိုးရဘဲဆိုပြီးလုပ်တာကတော့ ဒီမိုကရေစီမဟုတ်ဘူး၊ ဒီမိုကရေစီ အစိုးရတစ်ရပ်အနေနဲ့ အဲ့လိုသွားလို့မရဘူးနော် ၊ အဲ့တာတော့ သေချာတယ်”

ကရင်နီပြည်သူနှင့်လူငယ်ထု ကရင်နီအမျိုးသားခေါင်းဆောင်များ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့တာဝန်ရှိသူများ၏ ကန့်ကွက်နေသည့်အခြေအနေကို လွန်ဆန်ကာ ဗိုလ်ချုပ်ကြေးရုပ်ထုကို တည်ဆောက်သည့် ကိစ္စနှင့် ပတ်သက်ပြီး ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPP အထွေထွေ အတွင်းရေးမှူး ရွှေမျိုးသန့်ကို KnIC မှ ဆက်သွယ်မေးမြန်းထားသည်။

KnIC – ဆရာခင်ဗျ အခုဗိုလ်ချုပ်အောင်ဆန်းရုပ်ထုကို လွိုင်ကော်မှာ တင်လိုက်ပြီဗျ၊ ကရင်နီ လူထုတွေ ကန့်ကွက်တဲ့ကြားက အခုလို လုပ်သွားတဲ့အပေါ် ဆရာ့ အမြင်ကိုသိပါရစေ။

ရွှေမျိုးသန့်- အဲ့ကိစ္စမှာ ကျနော်တို့ အရင်က ပါလာတယ် လူထုဆန္ဒ အရလုပ်မယ်ဆိုပြီးပြည်နယ်အစိုးရကပြောတယ်၊ အခုက လုပ်သွားတာကဘယ်သူ့အစီအစဉ် ဘယ်သူ့လက်ချက်မှန်းမသိဘူး ၊ နားလည်ရခက်တယ်။

KnIC – အခုက တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကိုသွားနေတဲ့အချိန်မှာ အခုလုပ်ရပ်က တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ကြိုးပမ်းမှုကို ထိခိုက်လားဗျ၊ ဆရာ ဘယ်လိုသုံးသပ်လဲဗျ။

ရွှေမျိုးသန့် – အများကြီးထိခိုက်တယ် ငါအစိုးရဘဲ ငါလုပ်ချင်တာလုပ်မယ်ဆိုတဲ့အချိုးမျိုး ချိုးတာ အပြန်အလှန်လေးစားမှုမရှိတာဘဲ၊ အဲ့လိုဘဲ သူတို့ချိုးနေတာ။

KnIC – ဟုတ်ကဲ့ဆရာ လူထုတွေကန့်ကွက်နေတဲ့ကြားက အခုလို လုပ်တဲ့အပေါ်ဆရာ့အနေနဲ့ ဘယ်လို မှတ်ချက်ပြုချင်လဲခင်ဗျ။

ရွှေမျိုးသန့် – သူတို့လုပ်နေတဲ့ကိစ္စကို ဘာဖြစ်ဖြစ် ပြီးအောင်ဆက်လုပ်တယ်၊ ငါအစိုးရဘဲဆိုပြီးလုပ်တာကတော့ ဒီမိုကရေစီမဟုတ်ဘူး၊ ဒီမိုကရေစီ အစိုးရတစ်ရပ်အနေနဲ့ အဲ့လိုသွားလို့မရဘူးနော် ၊ အဲ့တာတော့ သေချာတယ်။

KnIC – အခုသွားနေတဲ့ပုံစံအရဆိုရင် ဒီပြည်နယ်အစိုးရနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးသွားဖို့ ကိစ္စက လွယ်ပါ့မလား၊ဆရာ ဘယ်လိုမြင်လဲခင်ဗျ။

ရွှေမျိုးသန့် – သိပ်မလွယ်ဘူး၊ သိပ်မလွယ်ဘူး။

KnIC – ကျေးဇူးပါဆရာရွှေမျိုးသန့်ခင်ဗျား

Leave a Reply

Your email address will not be published. Required fields are marked *