၁၉၄၆ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့ ၊ ကရင်နီပြည် လွိုင်ကော်မြို့ ဓမ္မာရုံ ၌ ကရင်နီ လူတု ၅၀၀ ရှေ့မှောက် တွင် ဟောကြားခဲ့ သော ဗိုလ်ချုပ်အောင်ဆန်း ၏ မိန့်ခွန်း

Spread the love

ရီမာန်ထူး၊ (အမြဲတန်းဗဟိုကော်မီတီဝင် KNPP) မှ ရေးသားဖော်ပြသည်။

 ဗိုလ်ချုပ်အောင်ဆန်း ကိုချစ်လှပါတယ် ဆိုတဲ့ လူတွေ – တချိန်က ဗိုလ်ချုပ်အောင်ဆန်း က လွတ်လပ်ရေး ရယူပြီး ပြည်ထောင်စု တည်ထောင်ဖို့အတွက် တိုင်းရင်းသား ဒေသမှာ လာပြီး ဟောပြောခဲ့တဲ့ မိန့်ခွန်းကိုဖတ်ကြည့် ပါ ။ ပြီးမှ တိုင်းရင်းသားတွေကပဲ ဆိုးသလား အာဏာရ ကျုပ်ဒို့ ဗမာအုပ်စုတိုင်းကပဲ ဆိုးသလားဆိုတာ ဦးဏှောက် မှန်သူတိုင်း က သိနိုင်ကြမှာပါ။

ယခင်ကဗိုလ်ချုပ်အောင်ဆန်းသည်ဗမာပြည်လွတ်လပ်ရေးရဖို့အတွက် တိုင်းရင်းသား ဒေသမှာလာခဲ့တယ် ဟောပြော စည်းရုံး ပြီးဂတိကဝတ် စကားတွေ ပြောခဲ့ ပေးခဲ့တယ် ။
ဦးနုကရင်နီပြည်မှာ လာပြီးသည့်နောက် ၊ ဗြတိသျှဘုရင်ခံ၏အမှုဆောင် ဝန်ကြီးအဖွဲ့ ဒုတိယ ဥက္ကဌ ဗိုလ်ချုပ်အောင်ဆန်း၊ ဝန်ကြီးစောဘဦးကြီး နှင့် ဝန်ကြီးမန်းဘခိုင် တို့သည် ၁၉၄၆ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ကရင်နီပြည် လွယ်ကော်မြို့ သို့ ရောက်ရှိလာပါသည် ၊၊ ဗိုလ်ချုပ်အောင်ဆန်းသည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် လွယ်ကော်မြို့ ဓမ္မရုံ ၌ကရင်နီပြည်သူ ၅၀၀ ရှေ့မှောက်တွင်စည်းရုံးပြောကြားခဲ့သောမိန့်ခွန်း  – –

 ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်း – – –

“ကရင်နီနှင့်မြန်မာချစ်ကြည်ရင်းနှီးသွေးစည်းရေးစသောအကြောင်းကြောင်းတွေထောက်ပြီးလာခဲ့ပါတယ် ၊၊ ဗြူရိုကရက်တွေဘယ်လိုခြေထိုးပြီး နှောက်ယှက်ပေမဲ့လို့ မျက်စိလည်နားမရောင်ပါနဲ့၊ ဒီနယ်ဟာတွင်းထွက်ဓာတ်သတ္ထု တွေပေါရဲ့သားနဲ့ တိုင်းရင်းသားတွေမှာတော့ ငမွဲငမွဲဘဲ ၊ ဆိုတာလိုဖြစ်နေကြပြီ ၊အဆီအနှစ်တွေအရှည်သဖြင့် ဆက်လက်မလုပ်ဆောင်နိင်အောင်စီမံဆဲဘဲ၊ ကရင်နီရဲ့ အင်ဒီပင်းဒင့် ( Independence ) ဆိုတာဟာလည်း စက္ကူပေါ်မှာသာရှိတာ ၊ တကယ်မှာတော့ နဲနဲကလေးမှ လွှတ်လပ်တာမဟုတ်ဘူး ၊ တိုင်းတပါးသားတွေမောင်းထုတ်ပြီး ဒီနေရာမှာ ဗမာနဲ့ အစားထိုးဘို့ရာမဟုတ်ဘူး ၊ ခင်ဗျားတို့တည်ရှိနေတဲ့ အခွင့်အရေး ၊ ကရင်နီအုပ်ချုပ်ရေးအတိုင်းအုပ်ချုပ်ပါ ကျုပ်တို့ဘာမှဝင်ရောက်စွက်ဖက်ခြင်းမရှိဘူး ၊ကျုပ်တို့ကလည်း အင်္ဂလိပ် ကျွန်မဖြစ်ချင်သလို ခင်ဗျားတို့ကလည်း အင်္ဂလိပ် ကျွန်မဖြစ်ချင်ဘူး အတူတူဘဲ ၊ တယောက်နဲ့တယောက် တန်းတူဖြစ်ရမယ် ” ဟူ၍ပြောကြားခဲ့ပါသည်။

Copy right.

ဒီလိုမိန့်ခွန်မျိုးစကားမျိုး ကို ဗိုလ်ချုပ်အောင်ဆန်း က ကရင်နီပြည်မှာတင်မဟုတ်ဘူး ကချင်ပြည် ၊ ချင်းပြည် နဲ့ ရှမ်းပြည် မှာလည်းပြောခဲ့ ပါ တယ် ၊လေ့လာကြည့် ပါ ။ ရမ်းကာပြီးတိုင်းရင်းသားတွေကို အဆိုးမမြင်ကြပါနဲ့။ ဗိုလ်ချုပ် ကိုချစ်ရင် လေးစားရင် ဗိုလ်ချုပ်တိုင်းရင်းသားတွေကိုပေးတဲ့ဂတိအတိုင်းလိုက်နာကျင့်သုံး ဆောင်ရွက်မှသာလျှင် ဗိုလ်ချုပ် ကိုချစ်ရာ ရောက်၏ ။

ကနေ့ ကရင်နီပြည်မှာ ဗိုလ်ချုပ် ကြေးရုပ် စိုက်ထူလို့ဖြစ်  ပေါ် တဲ့ ပြ သနာ အရင်းခံက လက်ရှိ အာဏာရ ဗမာစစ်အုပ်စုတွေက တိုင်းရင်းသားဒေသမှာ လာပြီးအုပ်ချုပ်လေတော့ တိုင်းရင်းသားနယ်မြေ ဒေသကိုအပိုင်စီးပြီး ဒေသခံ တိုင်းရင်းသား များကိုပင် ဖုတ်လေတဲ့ ငါးပိ ရှိမှန်းတောင်မသိ ဆိုသလိုဖြစ်နေလို့ပဲ

 ဒေသခံ တိုင်းရင်းသား များဒို့ရဲ့ သဘော ဆန္ဒ တွေကို လျှစ်လျှူ ရှူ့ ခြင်း သာဖြစ်တယ် ။  အာဏာရ ဗမာစစ်အုပ်စုတွေရဲ့ လုပ်ဆောင်ချက်တွေက  ဒေသခံ တိုင်းရင်းသား တွေရဲ့ စိတ်ဆန္ဒ သဘောထား နဲ့ မကိုက်ညီလို့ ဆန္ဒ သဘောထား ထုတ်ဖော် ဆန္ဒ ပြပြန်ရင်လည်း အာဏာရ ဗမာစစ်အုပ်စုတွေက သူဒို့ တပ်မတော် ရဲ့ အကျိုးစီးပွါး ဖြစ်ဖို့ ကာကွယ်ဖို့ အတွက် ကိုသော်၎င်း ၊ အမျိုး ဘာသာ အကျိုးစီးပွါး ဖြစ်ဖို့ ကာကွယ်ဖို့အတွက် ကိုသော်၎င်း စိတ်ကြိုက် ရေးဆွဲထားတဲ့ သူဒို့ရဲ့ ၂၀၀၈ ခြေဥ နဲ့ ကိုင်ပေါက်ပြီး မတရား ဖိနိပ် ၊ ဖမ်းဆီး ချုပ်နှောင် တော့တာပါပဲ ။

ကုလားအုပ် က တဲပိုင်ရှင် အာရတ် အဖိုးကြီး ကို တဲပြင်သို့ ထွန်းထုတ် ပစ်သလို ခုဒေသခံ တိုင်းရင်းသား တွေရဲ့ အနေအထားက အဲသလိုဖြစ်နေပါတယ် ။ ဧည့်သည်က အိမ်ရှင်အ ပေါ်စိုးမိုး ပြီးမတရား နိုင်ထက်စီးနင်း ပြုကျင့်ခြင်း ခံရသလို တိုင်းရင်းသား တွေက ခံနေကြရ ပါ တော့ တယ် ။

ကနေ့ ကရင်နီပြည်မှာ ဗိုလ်ချုပ် ကြေးရုပ် စိုက်ထူလို့ဖြစ်ဖော်တဲ့ ပြ သနာ အကြောင်းရင်း နောက်တခု က – တချိန်က ဗိုလ်ချုပ်အောင်ဆန်း ကတိုင်းရင်းသားတွေကို ပေးခဲ့တဲ့ ဂတိ ဂဝတ် အတိုင်း အာဏာရ ဘယ်ဗမာ အုပ်စု ကမှ အလေးထား အကောင်အထည် ဖော်တာ မရှိလုပ်လို့ကတကြောင်း ဖြစ် တယ် ။

အကယ်၍ ဗိုလ်ချုပ် တိုင်းရင်းသားတွေကို ပေးခဲ့တဲ့ ဂတိ ဂဝတ် အတိုင်း အာဏာရ ဗမာအုပ်စုတိုင်းက အလေးထား လိုက်နာဆောင်ရွက် အကောင်ထည်ဖော် ဆောင်ရွက်ကြမယ် ဆိုရင် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းတွေပေါ်လာမှာမဟုတ်သလို တိုင်းပြည်လည်း အေးချမ်းပြီး သာယာ ဝဖြိုး တိုးတက်မှာ ဖြစ်တယ် ။

ခုဟာက ဗိုလ်ချုပ် ကတိုင်းရင်းသားတွေကို ပေးခဲ့တဲ့ ဂတိ ဂဝတ်ကိုကျတော့ လျစ်လျှူ ထားပြီး  ဗိုလ်ချုပ် ရဲ့ ပုံတူ ကြေးရုပ်ကို ဒေသခံတိုင်းရင်းသား တွေ ကန့်ကွက် တားတဲ့ ကြားက မရ မက တကူးတက ခိုးကြောင် ခိုးဝှက် စိုက်ထူတယ်တယ်ဆိုတော့ ဒေသခံတိုင်းရင်းသား တွေကိုလုံးဝ ဂရုမစိုက် အလေးမထားရာ ကျတယ် ။

တိုင်းပြည်ငြိမ်း ချမ်းစေချင်လွန်းလို့ တက်မတော်က ထဲထဲဝင်ဝင် ဝင်ပါနေရ တယ်လို့ ဗိုလ်ချုပ် မြင့်စိုး ပြောလို ဆိုရင် –

တက်မတော်က တကယ်ပဲ တိုင်းပြည်ငြိမ်း ချမ်းစေချင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ မှာ ဘာကော်မီတီဖွဲ့ပြီး ငြိမ်းချမ်းရေး စား ပွဲ ဝိုင်း နိုင်ငံရေး စား ပွဲ ဝိုင်း ထိုင်ပြီး  NCA ထိုး တာ ဘာကြိုတင်ကန့်သတ်ချက် ၊ ဘယ်တည်ဆဲ ဥပဒေ အောက်မှာမှ အခြေ ခံမထားပဲ ဗိုလ်ချုပ် အောင်ဆန်း ကတိုင်းရင်းသားတွေကို ပေးခဲ့တဲ့ ဂတိ ဂဝတ်တွေ ကိုသာ အကောင်အထည်ဖော် ရုံပဲလိုပါ တယ် ။ ဒီလိုသာ လုပ်မယ် ဆိုရင်ငြိမ်းချမ်းရေး ကချက်ချင်း ရသွား မှာပါ ။ ခွဲ ထွက်ရေး မထွက်ရေး နဲ့ တခုတည်းသော တပ်မတော် ကိစ္စ လည်း နိုင်ငံတကာရဲ့ စံချိန် စံညွန်း နဲ့ အညီ ဖြစ်လာ စေရမှာ ပါ။

ဗိုလ်ချုပ် အောင်ဆန်း ကပြောသလို လုပ်မယ် လုပ်တာကို တာဝန် ခံတဲ့ စိတ်ဓာတ် ရှိသူ ဖြစ်တော့ တိုင်းရင်းသား တွေကို ဂတိ ပေးထားတဲ့ အတိုင်း ဗမာ ပြည် ကို သူက တည်ထောင်သွားမယ်ဖြစ်တယ် ။

ဒါ့ ကြောင့် စတုတ္ထ ဗမာ အင်ပိုင်ယာ တည်ထောင် လိုတဲ့ ဗမာ မဟာဝါဒီ အုပ်စု တွေက မလိုလားတဲ့ အတွက်ကြောင့်

ဗိုလ်ချုပ် အောင်ဆန်း ကို  စောစော စီးစီး လုပ် ကြံ သတ်ဖြတ် လိုက်တာ ဖြစ်တယ် လို့ပြောရ မှာ ပါ ။

ဒါ ပေမယ့် ယခု အာဏာရ ဗမာ စစ်အုပ်စုတွေက သူဒို့ အာဏာ တည်မြဲရေး နဲ့ အကျိုးစီးပွါးအတွက်  ဗိုလ်ချုပ် ကြေးရုပ် ကိုနိုင်ငံရေး ကျားကွက်မှာ တည်ပြီး ကစားနေ ကြတာ ဖြစ်တယ်  ။   ။




Leave a Reply

Your email address will not be published. Required fields are marked *