ဗိုလ်ချုပ်ကြေးရုပ်ထုရောက်ရှိသည့် ကိစ္စနှင့်ပတ်သက်၍ ကြေးရုပ်ထုမထားရှိရေး လှုပ်ရှားမှုတွင်ပါဝင်ခဲ့ပြီး လက်ရှိအချိန် ပုဒ်မ ၅၀၅ (ခ) ၊ ပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုခံထားရပြီး အမှုရင်ဆိုင်နေရသည့် ကယားပြည်နယ်ကျောင်းသားသမဂ္ဂအတွင်းရေးမှူး မျိုးလှိုင်ဝင်းကို KnIC မှ ဆက်သွယ်မေးမြန်း

Spread the love

“ကျနော်တို့ကတော့ အပြင်းထန်ဆုံးလှုပ်ရှားမှုနဲ့ ဆက်လက်ဆန့်ကျင်သွားမှာပါ။ အခုတော့ အသေးစိတ်ပြောလို့မရသေးပါဘူး”

ကရင်နီ လူငယ်ထုနှင့် ပြည်သူများ အပြင်းအထန် ကန့်ကွက်ခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထုသည် ကယားပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်၏ အစီအစဉ်ဖြင့် လွိုင်ကော်မြို့သို့ ယနေ့မွန်းလွှဲပိုင်းတွင်ရောက်ရှိခဲ့သည်။

ဗိုလ်ချုပ်ကြေးရုပ်ထုရောက်ရှိသည့် ကိစ္စနှင့်ပတ်သက်၍ ကြေးရုပ်ထုမထားရှိရေး လှုပ်ရှားမှုတွင်ပါဝင်ခဲ့ပြီး လက်ရှိအချိန် ပုဒ်မ ၅၀၅ (ခ) ၊ ပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုခံထားရပြီး အမှုရင်ဆိုင်နေရသည့် ကယားပြည်နယ်ကျောင်းသားသမဂ္ဂအတွင်းရေးမှူး မျိုးလှိုင်ဝင်းကို KnIC မှ ဆက်သွယ်မေးမြန်ူဖားသည်။

KnIC – ကရင်နီလူငယ်ထုနဲ့ ကရင်နီပြည်သူတွေ ကန့်ကွက်နေတဲ့ကြားက လွိုင်ကော်မှာထားဖို့ ဗိုလ်ချုပ်ကြေးရုပ်ထု ဒီနေ့ရောက်လာတယ်လို့သိရတယ်။ ဘယ်အချိန်ရောက်လာပြီး ဘယ်သူတွေ ဦးဆောင်သယ်ယူလာတာလဲဗျ။

မျိုးလှိုင်ဝင်း – ကျနော်တို့တွေ့တဲ့အချိန်နေ့လည် ၂ နာရီကျော်ပြီ၊ ရုပ်ထုထားမဲ့နေရာ ရောက်သွားတော့ စီမံဘဏ္ဍာဝန်ကြီး ဦးမော်မော်ကိုတွေ့တယ်။ ကျနော်တို့ကပြောတယ် ဘာလို့ရုပ်ထုထားဖို့လုပ်တာလဲ၊ လူထုသဘောထားမပါဘဲဆိုပြီး၊ အဲ့တာသူကဘာမှပြန်မဖြေဘူး၊ ငါလုပ်စရာရှိတာလုပ်မယ်လို့ပြောတယ်။

KnIC – ဒီရုပ်ထုထားဖို့ကိစ္စကို လူထုသဘောထားမပါဘဲဆက်မလုပ်ဘူး၊ လူထုသဘောထားကောက်ခံပြီးလုပ်မယ်လို့ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ထဲမှာ ပြည်နယ်ဝန်ကြီးချုပ်က ကတိပေးခဲ့တယ်လို့သိရတယ်၊ အဲ့တုန်းက တွေ့ဆုံမှုအကြောင်းပြေပြပါဦးဗျ။

မျိုးလှိုင်ဝင်း – ၂၀၁၈ – ၇ လပိုင်း ၇ ရက်နေ့မှာ ပြည်နယ်အစိုးရ ၊ ကရင်နီလူငယ်တွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေ၊ တိုင်းရင်းသား စာပေနဲ့ ယဉ်ကျေးမှု အဖွဲ့ဝင်တွေနဲ့တွေ့တော့ မီဒီယာတွေရှေ့မှာဘဲ ဝန်ကြီးချုပ်က ကတိပေးခဲ့တယ်၊ ဒီရုပ်ထုကိစ္စကို အများဆန္ဒမပါဘဲဆက်မလုပ်ဘူးလို့ ကတိပေးခဲ့တယ်၊ အခုကျတော့ အများဆန္ဒတကယ်မပါဘဲ ကြေးရုပ်ကိစ္စကိုဆက်လုပ်တယ်ဆိုတော့ ဒီအစိုးရက ကတိမတည်တာဘဲလို့ပြောချင်တယ်။

KnIC – နောက်ပိုင်းမှာပြည်နယ်အစိုးရက ရုပ်ထုကို သူတို့ဆက်မလုပ်တော့ဘူး၊ ပရဟိတ အသင်းကိုလွှဲမယ်လို့ပြောတယ်ဗျ၊ အခုက အစိုးရဝန်ကြီးဖြစ်တဲ့ စီမံဘဏ္ဍာဝန်ကြီး ဦးမော်မော်ကလဲ ပြန်ဦးဆောင်နေတဲ့အပေါ် ဘာပြောချင်လဲဗျ။

မျိုးလှိုင်ဝင်း – ဒါကတော့ အစိုးရ လုံးဝ မရိုသားတာကိုပြနေတာဘဲလို့ပြောချင်ပါတယ်။

KnIC – ကြေးရုပ်ထုထားရှိမဲ့ ကိစ္စနဲ့ပတ်သက်ပြီး ကရင်နီ လူငယ်ထုအနေနဲ့ ဘာတွေဆက်လုပ်သွားဖို့ရှိလဲ။

မျိုးလှိုင်ဝင်း – ကျနော်တို့ကတော့ အပြင်းထန်ဆုံးလှုပ်ရှားမှုနဲ့ ဆက်လက်ဆန့်ကျင်သွားမှာပါ။ အခုတော့ အသေးစိတ်ပြောလို့မရသေးပါဘူး။

KnIC – ဖြေကြားပေးတဲ့အတွက် ကျးဇူးပါခင်ဗျ

(လွိုင်ကော်မြို့ ကန္ဒာဟေဝန်ပန်းခြံတွင်ထားရှိမည့် ဗိုလ်ချုပ်ကြေးရုပ်ထုကိုတွေ့ရစဉ်)

Photo – PKPF

Leave a Reply

Your email address will not be published. Required fields are marked *