နောင်ယားကန်ဘေးရှိ သစ်တောကို ရှင်းလင်းမည့်ကိစ္စ လူထုကြားတွင် ဝေဖန်မှုမြင့်တက်

Spread the love

ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ရုံး တည်ဆောက်ဖို့အတွက် ကယားပြည်နယ်ဝန်ကြီးချုပ်၏ ခွင့်ပြုမိန့်ဖြင့် “နောင်ယားကန် သစ်တောဥယျာဉ်” ရှိ ကျွန်းပင်အပါအဝင် သစ်တောများကိုရှင်းလင်းမည့် အစီအစဉ်သည် လူထုကြားတွင် ဝေဖန်မှုမြင့်တက်နေကြောင်းသိရသည်။

နောင်ယား (ခ) ရပ်ကွက်ရှိ ဒေသခံလူငယ်တစ်ဦးက “နောင်ယားကန်ဆိုတာ ပြည်သူပိုင်ဖြစ်တယ်၊ ပြည်သူတွေအပါအဝင် ရပ်ဝေးကဧည့်သည်တွေလာရောက်အပန်း ဖြေတဲ့နေရာဖြစ်တယ် ၊ ရုံးဆောက်ဖို့ဆိုရင်နေရာအများကြီးပါ ၊ ဘာဖြစ်လို့ ဒီနေရာကိုမှရွေးရတာလဲ ၊ ဒါမဖြစ်သင့်တဲ့ကိစ္စဘဲ” ဟု KnIC သို့ပြောသည်။

ကရင်နီပြည် (ကယား) ရှိလည်ပတ်အပန်းဖြေစရာနေရာများထဲတွင် နောင်ယားကန်မှာ ကရင်နီပြည် (ကယား) ရှိဒေသခံများအပါအဝင် ရပ်ဝေးမှ ခရီးသွားများ လည်ပတ်မှုအများဆုံးထဲက နေရာတစ်ခုလည်းဖြစ်သည်။

(သစ်ပင်ကြီးများကိုလှဲရန် မှတ်သားထားပုံ)

Photos Credit – Kyaw Htin Aung

Leave a Reply

Your email address will not be published. Required fields are marked *