ကြက်ရိုးထိုးခြင်း နတ်အားအဓိဌာန်ပြု၍ ကြက်ရိုးထိုးရခြင်းသည် ခက်ခဲသောအမှုစီရင်ခြင်းနှင့် သာရေး၊ နာရေး၊ ကောင်းမှု ဆိုးမှုကိစ္စများ၌ နတ်အားအဓိဌာန်ယူ၍ ကြက်ရိုးထိုးခြင်းအားဖြင့် ပြေလည်ကောင်းမွန်သည်ဟု ယုံကြည်ယူဆကြသည်။ ကြက်ရိုးထိုးခြင်းမှာလည်း အထူးပင်အလုပ်များလျှက်ပြုလုပ်ရသည်။ နတ်ဆရာကကြက်ဖကိုသတ်ပြီးနောက် စအိုမှ မစင်ကိုထုတ်ပစ်လိုက်သည်။ မစင်ကုန်သွားသောအခါ ကြက်ဖ၏စအိုမှပင် ကြက်၏ညာဘက်ပေါင်ရိုးကိုဦးစွာထုတ်ယူလိုက်သည်။ ယင်းပေါင်ရိုးအပေါ်ယံရှိအကြောအမျှင်များအား ဓါးဖြင့်ခြစ်ပစ်လိုက်သည်။ ပေါင်ရိုး၏အောက်ဘက်ထိပ်ကို ဓါးဖြင့်ဖြတ်လိုက်ကာ၊ အပေါက်ထဲသို့  ဒုတ်ချောင်းကလေးထည့်သွင်းလိုက်သည်။ ထိုအခါသွေးသည်အရိုးတွင်ရှိသော အပေါက်ကလေးများမှ ကန်ထွက်လာသည်။ ယင်းထွက်ပေါက်ငယ်များကို ကြည့်ခြင်းအားဖြင့် ပေါင်ရိုးတွင် အပေါက်ဘယ်နှစ်ပေါက်ရှိသည်ကို သိရှိရလေသည်။ ဤနည်းအားဖြင့် ပေါင်ရိုးတွင် အပေါက်ကိုရှာယူကြပြီးလျှင် ရှိသမျှအပေါက်တွင် အဆင်သင့်ထားရှိသောနှီးမျှင်ကလေးများကို တစ်ပေါက်လျှင် တစ်ခုစီကို ထိုးထားခြင်းဖြင့် အမှတ်အသားပြုထားရသည်။ ထို့ နောက်ကျန်ရှိသည့်ဘယ်ပေါင်ရိုးကိုထုတ်ပြန်ပြီး ညာပေါင်ရိုးပြုလုပ်သကဲ့သို့ ပင်လျှင်ပြုလုပ်သွားရပြန်သည်။ ပေါင်ရိုးတစ်ဘက်စီတွင် အပေါက်ကလေးများတစ်ပေါက်၊ […]

ရန်ကုန်မြို့ ကျိုက္ကဆံကွင်းတွင် ကျင်းပနေသည့် ” သွေးချင်းတို့ရဲ့ပွဲတော်ဆီ” တွင်တွေရသည့် ကယားပြည်နယ်အတွင်းရှိ တိုင်းရင်းသားမျိုးနွယ်စုများ၏ ရိုးရာဓလေ့နှင့် အသုံးအဆောင်ပစ္စည်းများ။ ပွဲတော်ကို ၂၅.၁.၂၀၁၉ မှ ၃၀.၁.၂၀၁၉ အထိကျင်းပမည်ဖြစ်ပြီး ပွဲတော်အတွင်း ရိုးရာခေါင်ရည်၊ ဝက်အူချောင်း၊ ဟင်းထုပ်နှင့် ရိုးရာအဝတ်အထည်များကို ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရသည်။ Photos – Nawnaw Poe

စက်တင်ဘာလ ၂၁ရက်နဲ့ ၂၂ရက်နေ့နှစ်ရက်ဆက်တိုက် ကရင်နီအမျိုးသား ကောလိပ်ကျောင်းနဲ့ အထက်တန်းကျောင်းတို့မှာ ရိုးရာအစဉ်အလာ ဒီးကူပွဲတော်အခန်းအနားတွေကျင်းပ ပြုလုပ်ခဲ့ကြပါတယ်။ အဆိုပါအခမ်းအနားကို ကရင်နီစာပေနှင့်ယဉ်ကျေးမှုဌာန ၀န်ကြီး ခူးဘိုးရယ်မှ ဒီးကူပွဲဖြစ်ပေါ်လာရတဲ့အကြောင်းအရင်းနဲ့ပါတသက်ပြီး တက်ရောက်ဟောပြောခဲ့ပါတယ်။ “ ဒီးကူဆိုတာက ဟို့ရှေးခေတ်က ကျနော်တို့မှာ အိုးခွက်ပန်းကန်ဆိုတာ မရှိခဲ့ဘူးလို့ အဲ့လိုရေးထားပါတယ်။ မရှိဖူးတော့ ခုနပြောတဲ့ သစ်ရွက်နဲ့ပဲဆန်ကိုထုပ်ပြီးတော့မှချက်စားတဲ့အလေ့ အထရှိတာပေါ့လေ။ အဲ့ဒါလုပ်ရင်းနဲ့(ယွန်း)ကိုတိုက်တဲ့ အချိန်မှာ (ယွန်း)တွေဆောင်ထားတဲ့ (ခေါက်ပုတ်)ကိုသွားတွေ့တော့ ငါတို့လဲဒီလိုအလားတူပြောင်းပြီးမှ လုပ်မယ်ဆိုပြီးတော့မှ ဆန်ကိုရိုးရိုးဆန်မဟုတ်တော့ပဲနဲ့ ကောက်ညှင်းထုပ်ပြီးတော့ ကျနော်တို့ ဒီးကူသဏ္ဍာန်လုပ်ပြီးထုပ်ပြီးပြန်ချက် တစ်ပတ် နှစ်ပတ်အထိခံတယ် မတိုးဘူးပြန်စားလို့ရတယ် ခြောက်သွားရင်လည်း မီးပြန်ကင်ပြီးပြန်စားလို့ရတယ် အဲ့ဒီအသိ တွေဝင်လာတော့ ကျနော်တို့ ဒီးကူဆိုတဲ့ဟာက ခုနကပြောတဲ့ယွန်းကိုတိုက်ထုတ်တဲ့ အချိန်မှာတကယ်ကိုအသုံးပြုတဲ့ ရိက္ခာတစ်ခုအနေနဲ့ ဒီးကူပွဲဆိုတာတင်စားပြီးတော့မှလုပ်ရတဲ့ ပွဲတစ်ပွဲလို့ပဲ […]

Breaking News