၂၀၁၉ ခုနှစ် ဧပြီလ ၄ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ၂၇၅၈ နှစ်ပြည့် ကရင်နီနှစ်သစ်ကူးနေ့ အခမ်းအနားကို KNPP ကရင်နီအမျိုးသားတိုးတက်ရေးပါတီ အတွင်းရေးမှူး ၁ နှင့် ပါတီဗဟိုကော်မတီဝင်များ တက်ရောက်ခဲ့ပါတယ်။ ဓါတ်ပုံ- KnIC

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ဒုဥက္ကဌ ခူဦးရယ်ဦးဆောင်သည့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ (PNC) နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) မှ တာဝန်ရှိသူများ နေပြည်တော်ရှိ NRPC အဆောက်အဦးတွင် ငြိမ်းချမ်းရေးကိစ္စနှင့်ပတ်သက်၍ ယနေ့တွေ့ဆုံဆွေးနွေးကြသည်။ ဆွေးနွေးပွဲတွင် ဒေသအတွင်း ဖွံ့ ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ၊ ပြည်နယ်အစိုးရနှင့် KNPP တို့ လစဉ်တွေ့ဆုံဆွေးနွေးမှု အခြေအနေနှင့် NCA စာချုပ် လက်မှတ်ရေးထိုးရေး ကိစ္စများကို အဓိကထားဆွေးနွေးခဲ့ကြသည်။ KNPP နှင့် တပ်မတော်မှ တာဝန်ရှိသူများ မနက်ဖန် ၁၉.၃.၂၀၁၉ တွင် တွေ့ဆုံဆွေးနွေးကြမည်ဟုလည်း သိရသည်။ Photos – KnIC

ဒီလ ၁ဝ ရက်နေ့မှာ KNPP က ဒုတိယ – ဥက္က ခူဦးရယ်ဦးဆောင်တဲ့ ငြိမ်းချမ်းရေး တွေ့ဆုံဆွေနွေးရေးကော်မတီ (PNC)နဲ့ ဒုတိယဗိုလ်ချုပ်ကြီးဟောင်းခင်ဇော်ဦး ဦးဆောင်တဲ့ ငြိမ်းချမ်းရေးကော်မရှင် PC တို့ဟာ ချင်းမိုင်မြို့မှာ အလွတ်သဘောတွေ့ဆုံကြပါတယ်။ PNC ရဲ့ ပြောရေးဆိုခွင့်ရှိသူ နဲ့နယ်ပလိုးကို တွေ့ဆုံပွဲနဲ့ပတ်သက်ပြီး KnIC  ကမေးမြန်းထားပါတယ်။ “NCA ကိုပဲ ပန်းတိုင်တစ်ခုလို သဘောထားပြီး အဖွဲ့အစည်းတွေကို လက်မှတ်ရေးထိုးဖို့တိုက်တွန်းပြီး ကိန်းဂဏန်းအရေအတွက်အပေါ်မှာပဲ အမှတ်ယူဖို့ကြိုးစားရင်တော့ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် စိန်ခေါ်မှုတွေ အများကြီးဆက်ရှိနေမှာပါ။ လက်မှတ်ရေးထိုးပြီးသွားတဲ့ အဖွဲ့အစည်းတွေကိုယ်၌က အကောင်အထည်ဖေါ်ဖို့ အကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အရင်းခံပြဿသနာကဘာလဲဆိုတာဆန်စစ်ပြီးတော့ ပြုပြင်ရမယ့် အပိုင်းတွေကို ပြင်သင့်ပါတယ်။ အားလုံးကတော့ ကိုယ့်ကဏ္ဍ၊ ကိုယ့်ရှုထောင့်၊ ကိုယ့်လိုအပ်ချက်အပေါ် […]

ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ပတ်သက်ပြီး ဆွေးနွေးအဖြေရှာဖို့ ငြိမ်းချမ်းရေးကော်မရှင် PC က အတွင်းရေးမှူး ဦးခင်ဇော်ဦး ဦးဆောင်သည့်အဖွဲ့နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP မှ ဒုဥက္ကဌ ခူဦးရယ် ဦးဆောင်သည့် ငြိမ်းချမ်းရေးဆွေနွေးညှိနှိုင်းရေးကော်မတီတို့သည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တွေ့ဆုံဆွေးနွေးနေကြကြောင်းသိရသည်။ Photos – KnIC

လွပ်လပ်ရေးနေ့တွက် ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဌမှ KNPP ဥက္ကဌထံသို့ သဝဏ်လွှာပေးပို့

၁၈၊ ၁၁၊ ၂၀၁၈ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် အစိုးရ ကိုယ်စားလှယ်များနှင့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) တို့ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ အစိုးရအဖွဲ့ဘက်မှ ငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့ (PC) အတွင်းရေးမှူး ဒု ဗိုလ်ချုပ်ကြီး (ငြိမ်း) ခင်ဇော်ဦးနှင့် အဖွဲ့ဝင် ဦးအောင်စိုး၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၊ PC အကြံပေး အဖွဲ့ဝင်နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) အတွင်းရေးမှူး အဖွဲ့ဝင် ဦးလှမောင်ရွှေ၊ ဦးကျော်လင်းဦးတို့ ပါဝင်သည်။ KNPP ဘက်တွင် ဒုဥက္ကဋ္ဌ ခူဦးရယ် ဦးဆောင် သည့်အဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးကြသည်။ KNPP သည် […]

“တစ်နိုင်ငံလုံးအတိုင်းအတာဆောင်တဲ့ အပစ်အခတ်ရပ်စဲရေးလုပ်ဖို့ စအော်တာက KNPP ပဲ။ KNPP နဲ့ အစိုးရတို့ ချုပ်ဆိုတဲ့ နှစ်ဘက် သဘောတူစာချုပ်ထဲမှာလည်း တစ်နိုင်ငံလုံးအတိုင်းအတာဆောင် တဲ့ အပစ်အခတ်ရပ်စဲရေးကိုလုပ်ဖို့ ထည့်ထားပါတယ်။ အဲဒါနဲ့အတူ ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာ အားလုံးပါဝင်လာနိုင်အောင်လည်း အရေးကြီးပါတယ်။ အဲဒါကြောင့်မို့လို့ အလျဉ်းသင့်ရင် သင့်သလို KNPP က အဲဒီအချက်တွေကို အကောင်အထည်ဖော်ဖို့ သက်ဆိုင်ရာတွေကို တိုက်တွန်းပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာဆောင်တဲ့ အပစ်အခတ်ရပ်စဲရေးမလုပ်နိုင်ရင် အားလုံးပါဝင်နိုင်ရေးကို အဟန့်အတားဖြစ်စေမယ်။ အားလုံးမပါနိုင်ရင်တော့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုက မစုံမလင်ဖြစ်ပြီးတော့ အားလုံးအတွက်ကောင်းတဲ့ ရလဒ်ကို ရနိုင်တော့မှာမဟုတ်ဘူး” ထိုင်းနိုင်ငံချင်းမိုင်မြို့ မှာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ဘက်က ငြိမ်းချမ်ရေး ညှိနှိုင်းဆွေးနွေးရေးကော်မတီ (PNC) နှင့် အစိုးရဘက်က ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ (PC) […]

NRPC မှ ယနေ့တွင်ပြုလုပ်သည့် ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပတ်သက်သည့် အစည်းအဝေးကို KNPP မှ မတက်ရောက်ကြောင်းသိရသည်။ ဖိတ်စာရောက်သော်လည်း အစည်းဝေးမှာ ဆွေးနွေးခွင့်တိကျခိုင်မာမှုမရှိတာကြောင့် KNPP မှ အစည်းဝေးကို မတက်ဖြစ်ဟု KNPP ဗဟိုကော်မတီဝင် ခူးဒယ်နီယယ်မှပြောသည်။ “အစည်းဝေးတော့ဖိတ်တယ်.. ဒါပေမဲ့ဘာဆွေးနွေးရမယ်မပါတော့ ကျနော်တို့ မတက်ဖြစ်ဘူး ” ဟုဆိုသည်။ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပတ်သက်သည့် အစည်းဝေးများကို KNU မှယာယီရပ်ဆိုင်းထားသည့်အပေါ် ခူးဒယ်နီယယ်မှ သူ့အမြင်ကိုဆက်ပြောသည်။ ” KNU က NCA ထိုးထားတာ..ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ အစည်းဝေးတွေရပ်ထားတာတော့ သူတို့သဘောထားပေါ့လေ ၊ ကျနော်တို့ကတော့ Bilteral Agreement ထိုးထားတော့ အဲ့တိုင်းဆက်သွားမယ် ၊ NCA လမ်းကြောင်းကိုလဲ ချဉ်းကပ်သွားနေပါတယ် […]

ပြီးခဲ့သည်သည့် အောက်တိုဘာလ ၂၀ ရက်နေ့ က KNPP ထိန်းချုပ်ရာ အမှတ် (၂) ခရိုင် ဖားဆောင်းမြို့ နယ်အတွင်းက နန်းကစ်နှင့် ဘဟန်းလော့ ကျေးရွာကြားမှာ ဖြစ်ခဲ့သည့် ထိတွေ့ မှုမှာ နှစ်ဦးနှစ်ဘက် ညှိနှိုင်းမှု အားနည်းခဲ့တာကြောင့် ဖြစ်သည်ဟုဆိုသည်။ ပြည်ထောင်စုအဆင့် ညှိနှိုင်းသဘောတူညီချက်ကို အောက်ခြေအဆင့် နားလည်မှု ကြေလည်တာတွေမရှိတာကြောင့် ယခုလိုပြသနာတက်ခဲ့တာဖြစ်ပြီး ရှေ့ ဆက်အလားတူအဖြစ်မျိုးမဖြစ်အောင် KNPP နှင့် ပြည်နယ်အစိုးရ ယနေ့ လစဉ်တွေ့ ဆုံမှုမှာဆွေးနွေးခဲ့ကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) လွိုင်ကော်ဆက်ဆံရေးရုံးချုပ်တာဝန်ခံ ခူညေးရယ်က KnIC သို့ ပြောသည်။ “ ဖားဆောင်းနယ်ထဲမှာဖြစ်သွားတဲ့ကိစ္စက ကျနော်တို့ ကြားမှာနားလည်မှုလွဲတာပါ၊ အခုဒီနေ့ အစည်းအဝေးမှာ အဲ့လို […]

ပြီးခဲ့တဲ့ ၂၀ ရက်နေ့  ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ထိန်းချုပ်ရာဒေသ အမှတ် (၂) ခရိုင်၊ ဖားဆောင်းမြို့ နယ်အတွင်းက နန်းကစ်နှင့် ဘဟန်းလော့ရွာကြားမှာ ဖြစ်ခဲ့တဲ့ ပစ်ခတ်မှုဟာ KNPP ဘက်က စတင်ပစ်ခတ်လို့  KNPP ဘက်ကမှားပါတယ်ဆိုပြီး လူမှုကွန်ယက်စာမျက်နှာ (Facebook) မှာရေးကြ ရှဲကြတာတွေကိုတွေ့ ရပါတယ်။ ဆိုတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး အများပြည်သူအမြင်ရှင်းအောင်ပြန်ပြီး ရှင်းလင်းဖို့ လိုအပ်တယ်လို့ ယူဆတဲ့အတွက် ဒီစာကိုရေးလိုက်ရတာပါ။ ပထမအချက်အနေနဲ့  ခမရ (၄၂၈) တပ်ဟာ ၂၀၁၃ ခု ဇွန်လ ၂၀ မှာ ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့  နှင့် […]

Breaking News